1.

153 24 3
                                    



"ဘတ်ဟျွန်း မနက်ဖြန် Junn ကို သွားရမည် အ၀တ်အစားအိတ်ပြင်ထားလိုက် ပြီးတော့  Isolator တွေဘယ်အချိန်လာပို့မှာလဲဆိုတာလည်း မေးထားဦး "

" ဟုတ်ကဲ့ပါ CEO ။ Isolator နမူနာတွေက ဒီနေ့ညနေ ၃နာရီ မှာ ဆောလ်J.O  က ကားသုံးစီး ၀င်ပါလိမ့်မယ် "

" အဲ့လောက်တောင်မြန်တာလား သူတို့လုပ်ငန်းခွင်ကလူတွေကို ခွေးလိုနွားလိုများခိုင်းနေကြတာလား "

" ......"

" ရပြီ အချိန်နီးရင် ငါ့ကို လာပြော "

" ဟုတ်ကဲ့ "

ဆော်လ်J.O က အသစ်ဖြန့်ချီတဲ့ ရနံ့ဂလင်း ထိန်းချူပ်တဲ့ ကပ်ခွာပြားတွေရယ် ထိုးဆေး နဲ့ သောက်ဆေး ကုန်ပစ္စည်းအသစ်တွေက ဒီညနေရောက်ဖို့ရှိသည် ။

ဘတ်ဟျွန်းလုပ်တဲ့ လုပ်ငန်းခွင်က  Eun Cityမှာ အကြီးမားဆုံးဆေးထုက်လုပ်တဲ့လုပ်ငန်းတစ်ခုပဲ ။ company နံမည်က 소.K. လုပ်ငန်းစု ။
ဘတ်ဟျွန်းက အဲ့ဒီလုပ်ငန်းစု CEOရဲ့ လက်ထောက်အတွင်းရေးမူးတစ်ယောက်ဖြစ်တယ် ။ သူ့ရဲ့ ဆရာသမား CEOက Betaတစ်ယောက်ဖြစ်လို့ ဘတ်ဟျွန်းလို Omegaတစ်ယောက်အနေနဲ့ အလုပ် လုပ်ရတာအဆင်ပြေတယ် ။ အခုခေတ်မှာ ခွဲခြားမှု့တွေမရှိကြတော့ပါဘူး ။ ခေတ်တွေပြောင်းလဲလာပြီး အမြင်တွေလဲပြောင်းလဲလာကြပြီလေ ။ CEOရဲ့ အိမ်ထောင်ဖက်ဆို Alphaတစ်ယောက်‌ ။
အကုန်ပြောင်းလဲနေပြီဖြစ်တယ် ။

မပြောင်းလဲတာက ဘတ်ဟျွန်းရဲ့ နေ့စဉ်ဘ၀နဲ့ သူရဲ့ ထိန်းချုပ်ဆေးအတွက် ကုန်ကျနေတဲ့ငွေတွေပဲ ။ ဒါပေမဲ့ သူရတဲ့ လစာ( ဆိုလ်)သိန်းသုံးရာက သူ့အတွက်နေထိုင်စားလောက်ပါတယ် ။ နည်းနည်းပါးပါးလည်းစုမိဆောင်းမိတယ် ။ သူတွေးမိတာက သူဘ၀က ဒီအတိုင်းပဲ ပုံမှန်ဖြစ်နေမှာပဲ ဆိုတာပဲ သူအများကြီးမပြောင်းလဲချင်ဘူး ။ ဘ၀ကို အခုလိုသာမာန်ဘ၀လေးနဲ့ပဲနေချင်တယ် ။ ပြီးတော့ လစာလည်း နည်းနည်းထပ်တိုးပါစေလည်း ဆုတောင်းတယ် ။
ထိန်းချူပ်ဆေးတွေကို ဆယ်နှစ်ထပ်ပိုမသုံးသင့်တာ သူသိပေမဲ့ ဘတ်ဟျွန်းမှာ အခြားရွေးချယ်စရာမရှိဘူး ။ သူ့ကိုဘယ်သူကမှစိတ်မ၀င်စားကြဘူးလေ ။ ပြီးတော့ သူကိုယ်တိုင်မှာလည်း အလုပ်အချိန်တွေများလွန်းနေတာပါတယ် ။

WOLF Where stories live. Discover now