☄️7 (1)

117 13 4
                                    


ဘတ်ခ်ဟျွန်း စံအိမ်ကိုရောက်တာ 2ရက်ရှိပြီဖြစ်သည် ။
ပထမဆုံးနေ့မှာပဲ ချန်ယောလ်ရဲ့ မျက်နှာကို ခဏလေးသာတွေ့လိုက်ရပြီး ရှီယုက ချန်ယောလ်ရဲ့ ရောဂါအကြောင်းကို ရှင်းပြပြီး ချန်ယောလ်ရဲ့ မျိုးနွယ်နဲ့ ဒီစံအိမ်ကလူတွေအကြောင်းရှင်းပြလာခဲ့သည် ။ ဒီကမ္ဘာမှာ သာမာန်လူသား  AOBများသာ အများဆုံးရှိကြပြီး ရှေးခေတ်အနွယ်၀င် များဟာ အလွန်ကိုနည်းပါးသည်။တွေ့ရဖို့ဆိုတာမလွယ်ကူပေ ။

ရှီယုရဲ့ ပြောစကားများကိုနားထောင်ပြီးနောက် ဘတ်ခ်ဟျွန်း စံအိမ်မှာနေဖို့လက်ခံခဲ့သည် ။ လက်မခံစရာအကြောင်းဖြင့်မရှိပဲ သူနှစ်ကြာအောင် ဆွဲလမ်းရတဲ့ အယ်လ်ဖာနေအိမ်မှာ ဘာလို့များတွေဝေနေရမှာလဲ ပြီးတော့ သူ့အယ်လ်ဖာက အရမ်းချောပြီး ခန့်ညားတာ ဘယ်သူ့မှမပေးနိုင်ပါဘူး ။ ဒါက သူ့အတွက် အခွင့်အရေးပဲလေ ။

ဒီနေ့ ချန်ယောလ်နဲ့ ဘတ်ခ်ဟျွန်း သဘောတူစာချုပ်လက်မှက်ထိုးဖို့ စံအိမ်ရဲ့ ဧည့်ခန်းမှာအသီးသီးနေရာယူထားကြသည် ။

သူ့ရှေ့ကအယ်လ်ဖာနဲ့ သူက ‌အဝေးဆုံးနေရာရာမှာ ထိုင်ရတယ် ။ ဧည့်ခန်းရဲ့ကြီးမားချက်ကလည်း သူတိုက်ခန်းတစ်၀က်စာရှိတယ် ။ ဒီအိမ်မှာသာနေရင် သူအားကစားလုပ်စရာမလိုပဲ သာမာန်အသွားအလာလုပ်တာနဲ့တင် မရှိတဲ့ ဝိတ်တွေကျတယ် ။ အခုလည်း စားပွဲရဲ့ ထိပ်နှစ်ခုမှာ တစ်ယောက်စီထိုင်‌ရတယ် ။

"ဘတ်ခ်ဟျွန်းရှီ ကျွန်တော်တို့ရဲ့ စာချူပ်ကို စစ်ဆေးပေးပါဦး "

ရှီယုက ဘတ်ခ်ဟျွန်းဘေးနားမှာ မက်တက်ရပ်နေပြီး စာချုပ်ကို လက်လွှဲပေးလိုက်သည် ။ သစ်သားဘောင်အနားကွတ်နဲ့ A/4စာရွက်အနေထား စာချုပ်စာအုပ်လေး ဘတ်ခ်ဟျွန်းထံရောက်လာသည် ။ စာချုပ်ရဲ့ အလယ်ထိပ်မှာ ဝံပုလွေတစ်ကောင်မာန်ဖီနေတဲ့ပုံနဲ့ စတင်ထားသည် ကြည့်ရတာ ဒါကသူ့အယ်လ်ဖာအဖွဲ့အစည်းရဲ့ ကိုယ်ပိုင်တံဆိပ်ဖြစ်နိုင်သည် ။


စာအုပ်ပါအရာအားလုံးအပြီး 10ခုမြောက်မှာ ဘတ်ခ်ဟျွန်းကို လေးလံစေသည့် အချက်ပါ၀င်လာခဲ့သည် ။

WOLF Where stories live. Discover now