☄️6

119 15 2
                                    

"မကြောက်နဲ့ "

" မင်းရဲ့ ရနံ့ထုက်ပေးပါ "

သူ့အရှေ့က အယ်လ်ဖာရဲ့ပုံရိပ်ကိုမြင်ရလေ ဘတ်ခ်ဟျွန်းလန့်လာလေဖြစ်လာတယ် ။ သူ တစ်ကယ်ပြေးပေါက်ပိတ်နေပြီ ။

အဖြူရောင်အမွှေးထူထူတွေနဲ့ နီရဲနေတဲ့မျက်၀န်းတစ်စုံနဲ့ ဝံပုလွေတစ်ကောင်ကိုပဲ သူမြင်နေရတယ် သူသိတဲ့ သူ့အယ်လ်ဖာမဟုတ်ဘူး ။ ကြက်သီးတွေထသွားသလိုနဲ့ ဘတ်ခ်ဟျွန်း တစ်ကယ်ကြောက်လန့်လာတယ် ။ သူ့ရဲ့ ရနံ့ဂလင်းတွေတောင်မူမမှန်တော့ဘူးလို့ ခံစားနေရပြန်သည် ။

ခြေလှမ်းကို နောက်ကိုနည်းနည်းတိုးရုံလေးသာရှိသေးချိန်မှာ လျက်တစ်ဖြတ် ခုန်အုပ်လာတဲ့ ဝံပုလွေ ကြောင့် ငယ်သံပါအောင် အော်မိရင်း ဘတ်ခ်ဟျွန်း သတိလစ်သွားခဲ့သည် ။

ဘတ်ခ်ဟျွန်း
တစ်နေ့ထဲမှာတင် နှစ်ခါသတိလစ်ရပြန်သည် ။ ရင်ခုန်တာထက်ပင် ပိုလို့ ရင်ခုန်ရပြီး ဘတ်ခ်ဟျွန်း စံအိမ်ကြီးရဲ့ အခန်းတစ်ခုထဲက ကုတင်‌တစ်လုံးပေါ်မှာ လက်ဖျံကို အပ်တွယ်ထားရင် အမောဖြေနေရ၏ ။

တစ်ကယ်ကိုမလွယ်ကူလိုက်တာ .....

" သူ့အခြေအနေဘယ်လိုရှိလဲ "

" အခြေအနေကကောင်းပါတယ် ။ မင်းဘာဖြစ်လို့အခုမှ ပထမဆုံးတွေ့တာကို
လန့်ပြီးသတိမေ့တဲ့အထိလုပ်ရတာလဲဟ "

" ငါဘာမှမလုပ်ဘူး ခုန်အုပ်မိတာလေးပဲ "

ရှီယု ပြောစရာစကားမဲ့သွားတယ် ။ သူတို့က ဝံပုလွေမျိုးနွယ်တွေမလို့ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ်‌ေကြာက်တာမရှိနိုင်ဘူး ။ဒါပေမဲ့ ဘတ်ခ်ဟျွန်းလို သာမာန်အိုမီဂါ တစ်ယောက် ကိုယ်‌တွေရဲ့လောကနဲ့ စိမ်းသက်နေတဲ့သူက ဘယ်လိုများ ဒီရက်စက်ပြီး သွေးအေးပြီး ဂျစ်ကန်ကန်နဲ့ ဝံပုလွေကို မကြောက်မလန့်ပဲ ' ချစ်စရာကြီး ' ပြောပါ့မလဲ ။
လန့်ပြီးမေ့သွားရတဲ့အထိ ချန်ယောလ်တစ်ကယ်ကိုပဲ

ရှီယု ချန်ယောလ်ကို စူးစိုက်ကြည့်ပြီး ခေါင်းခါလိုက်တယ်

မင်းကိုဘယ်သူမှမနိုင်ဘူးဟေ့ကောင် !!!

" သူ့ကို မင်းရဲ့ pheromone နည်းနည်းထုက်ပြီး ကုပေးလိုက်ဦး မြန်မြန်သိရလာလိမ့်မယ် ။ ဒါထက် ဘတ်ခ်ဟျွန်း ကို မင်းဘယ်လိုလုပ်မှာလဲ "

WOLF Where stories live. Discover now