☄️8

144 19 21
                                    

မနက်မိုးလင်းလို့ နိုးလာတဲ့အခါမှာ ဘတ်ခ်ဟျွန်း ထပ်ပြီး လန့်သွားရသည် ။ သူနေရာမဟုတ်တဲ့ အခန်းထဲရောက်နေပြီး ဘေးနားမှာ ရှီယုက အားဆေးတစ်ခုကို သူ့လက်ဖျံကသွေးကျောကိုထိုးပေးနေတာကို တွေ့လိုက်ရတယ် ။

သူသိလိုက်ပြီ  အဲ့ဒီ ဝံပုလွေ ဟာ တစ်ကယ်ကို လုပ်ချင်တာလုပ်ပြီး တစ်ကိုယ်ကောင်းဆန်တဟယ်ဆိုတာပဲ ။
စိတ်အခြေအနေမကောင်းနေတာတောင် မပျောက်သေးဘူး အခုထပ်ပြီး ဒီအိမ်ကိုရောက်လာပြန်ပြီ ။

ဘတ်ခ်ဟျွန်း ဘာမှမပြောတော့ပဲ မျက်လုံးတွေသာ ပြန်မှိတ်သည် ။ သူဘာမှမပြောချင်တော့။

ဘတ်ခ်ဟျွန်းအိပ်ပျော်သွားပြီး ပြန်နိုးလာတဲ့အခါမှာ 
သူ့ဘေးနားက ဆိုဖာပေါ်မှာ ထိုင်နေတဲ့ ဝံပုလွှေတစ်ကောင်ကိုတွေ့လိုက်ရသည် ။ ဒီတစ်ခါတော့မလန့်တော့ပေ ။
ဘတ်ခ်ဟျွန်းရဲ့ လှုပ်ရှားမှု့ကို ကြားတဲ့အခါ ဆိုဖာပေါ်က မှိတ်ထားတဲ့ ခက်ထန်ထန်မျက်၀န်းတစ်စုံကဖွင့်လာခဲ့သည် ။

" အိမ်ပြန်ပို့ပေးရင်ကောင်းမယ် ကျွန်တော်ဒီမှာမနေချင်ဘူး"

ဝံပုလွေကြီးက သူ့ကိုစူးဆိုက်ပြီးကြည့်လာတယ် ။ ဘာမှပြန်မပြောပဲ နှစ်သိမ့်တဲ့ pheromoneရနံ့ကိုထုက်ပေးလာ၏ ရနံ့ကြောင့် ဘတ်ခ်ဟျွန်းစိတ်က အနည်းငယ်‌ေပျာ့သွားပြီး သူ့အရှေ့ကိုကြည့်လိုက်တယ် ။

" အဆင်ပြေလား "

ချန်ယောလ်မေးလာသည် ။

ဘတ်ခ်ဟျွန်း ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး

" အဆင်ပြေပါတယ် "

" မင်းအနားကိုလာရင် ငါ့ပုံစံကအမြဲဒီလိုပဲဖြစ်မှာ "

" ..... "

ဘတ်ခ်ဟျွန်း ချန်ယောလ်ကို ကြည့်လိုက်တယ် ။ သူတစ်ကယ်တစ်ကိုယ်ကောင်းဆန်စွာနဲ့မကူညီချင်တော့ဘူး ။
သူ့ရဲ့ ရနံ့ကို လိုတယ် သူ့ရဲ့သွေးကို လိုချင်တယ်ဆိုရင် တစ်လတစ်ခါသူကူညီပေးမယ် ဒီနေရာ ဒီစံအိမ်ကြီးမှာတော့ အကျဉ်းကျနေသလိုမနေချင်ဘူး ပြီးတော့ စကားလုံးတွေနဲ့ပြောတာမခံနိုင်ဘူး ။

ချန်‌ယောလ်က ဘတ်ခ်ဟျွန်းမျက်လုံးတွေကို ဖတ်နိုင်သည့်အရည်အချင်းရှိပုံရ၏ ။အတွေးတွေကိုတားစီးဖို့ ကြိုးစားလိုက်ပြန်သည် ။

You've reached the end of published parts.

⏰ Last updated: Nov 19, 2022 ⏰

Add this story to your Library to get notified about new parts!

WOLF Where stories live. Discover now