☄️3

103 18 0
                                    


ဘယ်လိုတောင် လုပ်ရတာလဲ ? ဘတ်ဟျွန်း စိတ်ထဲမှာ နောက်အသစ်ရောက်တဲ့ သူဌေးဆိုတဲ့သူကို သားရဲတစ်ကောင်လို လည်ပင်းကို ကိုက်ပြီးဆွဲဖြဲချင်တယ် ။

ဘတ်ဟျွန်းတစ်ကိုယ်လုံး စိတ်‌မကြည်မသာဖြစ်လွန်းတာကြောင့် မျက်ရည်တွေဝေ့တက်လာပြီး မျက်နှာထားလေးက ချက်ချင်းတည်ပြီး ဒေါသအရိပ်လေးမျက်လုံးမှာ ထွက်ပေါ်လာတယ် ။ သူစကားမှားလို့မဖြစ်ဘူး စိတ်ကိုထိန်းရမယ် ။ ဘာလို့ .... ဒီလို သူ့ကိုလည်းအသိမပေး အကြောင်းမကြား ဘယ်ကနေဘယ်လိုပေါ်လာလဲမသိတဲ့ သူဌေးဆိုတဲ့ လူကို တွေ့ချင်လာတယ် ။ လက်မခံနိုင်ဘူး !

" ကျွန်တော်တစ်ကယ်နားမလည်နိုင်ဘူး ။ တစ်ကယ်လို့ ဒီလိုအခြေအနေဖြစ်လာမယ်ဆိုရင် မနေ့ညက တစ်ညလုံးအချိန်ရှိတယ် ။ ပြီးတော့ ကျွန်တော် လက်မခံနိုင်ပါဘူး သူဌေးဖြစ်သူနဲ့ ‌တွေ့ခွင့်ပေးပါ "

ဘတ်ခ်ဟျွန်းရှေ့က beta ကောင်လေးက ဘာပြောရမလဲမသိဖြစ်သွားတဲ့ပုံပေါက်တယ် ။ တံခါးပိတ်ထားတဲ့ အခန်းကို မျက်လုံးရောက်သွားပြီး

" ကျွန်တော် က အကြောင်းအရာအစုံအလင်ကိုမသိတာကြောင့် တောင်းပန်ပါတယ် ဘတ်ခ်ဟျွန်းခဗျ ။ ဒါပေမဲ့ သူဌေးကိုတွေ့လို့မရပါဘူး ပြီးတော့ သူ....."

တွေ့လို့မရပါဘူးဆိုတဲ့စကားအပြီးမှာ ဘတ်ဟျွန်းရဲ့ စိတ်ဟာလုံး၀လွင့်ထွက်သွားတော့တယ် ။ ဘာကြောင့်များ အထက်စီးဆန်ပြီး တစ်ယောက်ကိုယ်တစ်ယောက်လေးစားမှု့မရှိရတာလဲ ။
ဘာမှလည်းမပြောဘူး ဘာမှာလည်းမသိရဘူး လုပ်ချင်သလို လုပ်ပစ်လိုက်ပြီး ‌‌သူကိုယ်တိုင်အလုပ်ပြောင်းခဲ့တဲ့ ၀န်ထမ်းကို မတွေ့ရအောင်ကြံဖန်နေတယ်လား ?

‌လျင်မြန်တဲ့ခြေလှမ်းနဲ့ ရင်းနှီးပြီးအမြဲ၀င်ထွက်နေကြ ရုံးခန်းကျယ်ကြီးထဲကို ‌အရှိန်နဲ့ပစ်၀င်သွားလိုက်တယ် ။ ဘာဆိုဘာမှအသိမရှိတော့သလိုပဲ ။

ဘတ်ဟျွန်း၀င်သွားပြီးပြီးချင်း စားပွဲမှာ ထိုင်နေတဲ့ သူဌေးအသစ် Alpha ကို တွေ့လိုက်ရတယ် ။
ချက်ချင်း ခေါင်းမော့လာပြီး မှုန်ကုတ်ကုတ်မျက်လုံးတွေနဲ့ ဘတ်ဟျွန်းကိုကြည့်လာခဲ့တယ် ။

WOLF Where stories live. Discover now