☄️4

107 17 2
                                    


ခန်းနားပြီး ကြီးမားတဲ့ ရဲတိုက်တစ်ခုက လူလုပ်တောတွင်းတစ်နေရာမှာ တည်ရှိနေတယ် ။

သစ်တောရဲ့ အကျယ်အ၀န်းက ဘောလုံးကွင်း 20ကွင်းစာအကျယ်အ၀န်းရှိတယ် ဒီလူလုပ်သစ်တောနဲ့ တောင်ကုန်းက Eun City မှာ အကျယ်ဆုံးနဲ့ အထက်တန်းအကျဆုံး နေရာတစ်ခုဖြစ်တယ် ။

ကြီးမားတဲ့ ကျွန်းသစ်တောကြီးဖြစ်ပြီး အခြားသော သစ်မာမျိုးစေ့မျိုးစုံ ရှင်နေကြပြီး တိရိစ္ဆာန် ပေါင်းစုံလည်း သေသေချာချာမွေးမြူထားသည် ။ အကုန်လုံးဟာ အနီရောင်အဆင့်ရှိ သားကောင်များဖြစ်သည် ။

သစ်တောကို ပက်လည်၀န်းရံထားသည့် အုပ်တံတိုင်းအမြင့်ဟာ Eun City ရဲ့အမြင့်ဆုံးမျှော်စဉ် နမ့်ဆန်တာဝါရဲ့ တစ်၀က်နီးပါးမှမြင့်၏ ။

ခြံ၀န်းလို့ ခေါ်ရမှာပင်အားနာစရာကောင်းလှသည့် လူလုပ်သစ်တောရဲ့ ၀င်ပေါက်မှာ ထင်ထင်ရှားရှားမြင်နေရသည့် အရာတစ်ခုရှိ၏ ။
ပလက်တီနမ်ရောင် တောက်ပစွာနဲ့ရပ် မာန်အဟုန်၀င့်ချီပြီး နီရဲသောမျက်လုံး ချွန်ထက်သည့် သွားအစွယ်များကိုဖွင့်ဟပြထားသည်မှာ ကြည့်မိသူတိုင်းကိုကိုက်ဖျက်တော့မလိုပင် ... ၎င်းမှာ အာတိတ်ဒေသနွယ်ဖွား ရေခဲတောင် ဝံပုလွှေ ရုပ်တုက
ခြံ၀န်းတံခါးမကြီးရဲ့ ထိပ်တည့်တည့်မှာ ရှိနေသည် ။

ဘယ်သူတစ်စိမ်းတစ်ဦးမှ အကြောင်းအရင်းမရှိပဲ သစ်တောစည်းထဲကို မ၀င်ခဲ့ဘူးသလို ဘယ်သူမှလည်း ၀င်ခွင့်မရှိပေ ။ နိုင်ငံရဲ့ ဘုရင်နဲ့ဧကရီ သာ လွယ်လွယ်ကူကူသွားလာခွင့်ရှိသည် ။ သို့သော် အဓိက နေရာ မြေအောက် နှင်းတော မပါ၀င်ပေ ။

အခုအခါ စံအိမ်တစ်ခုလုံး ရုန်းရင်းစံခက်ဖြစ်နေ၏ ။

သက်ဆိုင်ရာ AOဆရာ၀န်နဲ့ သမားတော်တွေဟာ အခန်းတစ်ခုထဲမှာ လဲလှောင်းနေတဲ့ လူတစ်ယောက်ကို စိုးရိမ်စွာကြည့်နေကြသည် ။ သူတို့တစ်ကယ်ကို ဘာမှမတက်နိုင်ပေ ။

မျက်လုံးအိမ်များနီရဲကာ တစ်ကိုယ်လုံး ချွေးသံတစ်လုံးလုံးဖြင့် စံအိမ်ရဲ့အရှင်သခင် Alphaတစ်ယောက်ကယ်ရာမဲ့သလို ဖြစ်နေရသည် ။

WOLF Where stories live. Discover now