☄️2

110 18 0
                                    

မိနစ်20လောက်အကြာမှာ ဘတ်ဟျွန်းရဲ့ CEOထွက်လာခဲ့သည်  ။ သူ့အနောက်မှာလည်း ချောမောတဲ့ Alpha လည်း ‌ပါလာတယ် ။ CEOပြောတာကို တည်တည်ငြိမ်ငြိမ်နဲ့ နားထောင်ပြီး ထို့နောက် ခေါင်းတစ်ချက်ညိတ်ပြလိုက်တာကို တွေ့လိုက်တယ် ။ ဘတ်ဟျွန်း မျက်လုံးတွေက အကြည့်မလွှဲနိုင်သေးဘူး ။ ထို အယ်လ်ဖာ ‌ကားထဲ၀င်သွားတဲ့အထိ လိုက်ကြည့်နေမိလိုက်သည် ။

သူဌေးဖြစ်သူ ကားထဲ၀င်လာတဲ့အခါမှာ ဘတ်ဟျွန်းကို ခုနကဆိုင်တည်းမှာ ဟန့်တားမိလိုက်တဲ့ အကြောင်းပြချက်ကို ပြန်ရှင်းပြပေးလာခဲ့တယ် ။

" ဆိုင်ထဲက အခြေအနေတွက် မင်းစိတ်မခုဖို့မျှော်လင့်တယ်
သူက အိုမီကာ တွေရဲ့ ရနံ့တွေကို ခံစားလို့မရဘူး အဲ့တာကသူ့အတွက် ပြဿနာကြီးစေတယ် "

" သူက မုန်းတာလား ? "

" ရနံ့ကို မခံစားနိုင်တာ သူ့အတွက်ဆေးရှာဖွေနေတုန်းပဲ  ။ ပြီးတော့ ပိုဆိုးတာက ဘယ် အိုမီကာ ကိုမှ သူသဘောမကျဘူး " 

သက်သက်ကြီးလား?

သူသိတယ် ကြားလည်းကြားဘူးတယ် တစ်ချို့သော အယ်ဖာ နဲ့ အိုမီကာတွေမှာ ရနံ့ဂလင်း တွေနဲ့ပတ်သက်ပြီး ပြဿနာတွေရှိတက်ကြတယ်ဆိုတာ သူနည်းနည်း အံ့ဩမိသွားတယ် ။ ပြီးတော့ သနားမိသွားတယ် ။

" ဘတ်ဟျွန်း အခုပြီးရင် ဘယ်သွားဖို့ရှိလဲ ငါ့ကို ဖိုင်တွေလွှဲပို့ပေးပါဦး "

" ဟုတ်ကဲ့ "

လိုအပ်တဲ့ ဖိုင်တွဲတွေပို့ပြီး‌တော့ တွေ့စုံဖို့ရှိတဲ့ လုပ်ငန်းနေရာတွေကိုလိုက်ပို့ပေးခဲ့သည် ။ ရေတောင်သောက်ဖို့အချိန်မရှိသလိုပင် ။ လှုပ်ရှားမှု့များတာကြောင့် နေ့လည်စာ ထမင်းတွေတောင် ဘယ်အချိန်အစာကြေသွားလဲမသိလိုက်ရတော့ ။ ကုန်ပစ္စည်းအသစ်အတွက် သူဌေး အစည်းအဝေးလုပ်နေတုန်း အနီးအနားမှာရှိတဲ့ မားကပ်ကို၀င်ပြီး အသင့်စား ထမင်းဗူးတစ်ခုနဲ့ ရေတစ်ဗူး ၀ယ်ပြီး ‌ထပ်စားလိုက်သည် ။အဲ့တာမှ အားပြန်ပြည့်သွားသလိုပင် ။

တစ်နေ့တာလုံးကို ကားတစ်စီးနဲ့ ပြေးလွှားရင်း ရုံးဆင်းချိန်ရောက်တော့မှ စုပုံကျနေတဲ့၀န်တွေ ပျောက်ကွယ်သွားသလိုနဲ့ တက်တက်ကြွကြွအိမ်ပြန်ခဲ့သည် ။

WOLF Nơi câu chuyện tồn tại. Hãy khám phá bây giờ