☄️7 (2 End)

134 14 3
                                    

" ငါတောင်းပန်ပါတယ် ချန်ယောလ် သူ့ကို"

လီယာရဲ့ ပြောစကားမဆုံးခင်မှာပဲ ချန်ယောလ် ပစ်ကန်လိုက်သည့်အားကြောင့် ဧည့်ခန်းနံရံအထိအရှိန်နဲ့ ကပ်သွားပြီး ပါးစပ်ကပါ သွေးထွက်သွားသည် ။

" ငါ့ကိစ္စ "

" ငါသိပါတယ် ဒါပေမဲ့ ငါစိတ်မချဘူး "

" မင်းက ငါ့ကိုမယုံဘူး "

လီယာ ချန်ယောလ်ကိုကြည့်ပြီး အသနားခံတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်တယ် ။ပြီးတော့ လီယာမျက်ရည်ကျလာတော့သည် ။

ချန်ယောလ်ရဲ့ မျက်၀န်းတွေကတော့အေးစက်နေတုန်းပဲ ။ သို့ပေမဲ့ ကြမ်းပြင်ပေါ်လဲကျနေတဲ့ လီယာထံကို ချန်ယောလ်ကပ်သွားပြီး ဆွဲထူပေးတယ် ထို့နောက် ရင်ခွင်ထဲထည့်လိုက်သည် ။ ခေါင်းကို နှစ်ခါမျှပွတ်သက်ပေးပြီး အငိုတိတ်စေလိုက်တယ် ။

"ငါတောင်းပန်ပါတယ် "

"သူက ငါ့အတွက် လမ်းစ တစ်ခုလေ မင်းအတွေးလွန်တယ်
စာချုပ်ထဲမှာလည်း မင်းစည်းကျော်တယ် "

" တောင်းပန်ပါတယ် "

" အင်း မင်းအပြစ်ကို ယုခန်းက စီစဉ်လိမ့်မယ် "

"! ! "

လီယာ မျက်လုံးပြူးသွားတယ် ။ မဟုတ်ဘူး ချစ်လို့ လုပ်မိတာလေ အဲ့ဒီ အိုမီဂါ က အရမ်းပြည့်စုံနေလွန်းတယ် အနှေးနဲ့အမြန် တစ်ခုခုထိမိမှာပဲ ။ဒါပေမဲ့ အခုလက်ရှိက သူက ချန်ယောလ်ရဲ့ အနီးဆုံးလူ

" ချန်ယောလ် ? ဘာ ဘာ လို့ လဲ "

" လေးစားမှု့မရှိလို့ ပြီးတော့ ငါ့ကိုမယုံကြည်လို့ "

" ငါတောင်းပန်ပါတယ် ဟင့်အင်း ငါ ရေအခန်းထဲမသွားနိုင်ဘူး ! ချန်ယောလ် ! ကျေးဇူးပြုပြီး !"

လီယာ ချန်ယောလ်ရှေ့ ဒူးထောက်ပြီး ခယတယ် ။ သူလက်မခံနိုင်ဘူး ။ ဖြစ်လာနိုင်တာကို ကြိုတင်ကာကွယ်တာ သူအမှားလား ဟင့်အင်း လက်မခံနိုင်ဘူး ။

" တစ်ဦးနဲ့တစ်ဦး လေးစားဖို့ မင်းသင်ယူရဦးမယ် "


_________

" ပတ်ခ်ချန်ယောလ် မင်းအခုဘယ်လိုလုပ်မှာလဲ "

ရှီယုရဲ့အပြစ်တင်သံက ချန်ယောလ်ရဲ့ နားနေဆောင်ထဲမှာကျယ်လောင်သွားသည် ။

WOLF Where stories live. Discover now