🍁The Blessed:Chapter 72
ခေါင်းငုံ့ပြီး အလျှော့အတင်းလုပ်ခြင်း (2)"ပြော"
အဘိုးအိုသည် စိတ်မရှည်ကြောင်း ရှင်းရှင်းလင်းလင်း သိရပြီး လင်းဂျင်ရွှမ်သည်လည်း ထပ်ခါတလဲလဲ မလုပ်တတ်။
"ခင်ဗျားရဲ့ လင်းမိသားစုက မွန်မြတ်လွန်းတယ်၊ က်ျွတော် လက်လှမ်းမမီဘူး ကျေးဇူးပြုပြီး ခင်ဗျားမိသားစုကို ချုပ်နှောင်ထားလိုက်ပါ။ အရေးတကြီး ဘာမှမရှိရင် ကျုပ်အိမ်ကို မလာပါစေနဲ့။ ဒီနေ့ ခင်ဗျားရဲ့မျက်နှာကြောင့်ကျွန်တော်လွှတ်ပေးလိုက်လို့ရတယ်။ နောက်တခေါက် ကျုပ်အိမ်ကို လာလည်ရင် ကျုပ်ကို အကြင်နာမဲ့သူလို့ အပြစ်မတင်ပါနဲ့ ကျုပ် သူတို့ကို တန်းပြီးချည် နှောင်ပြီး ရုံးတော်ဆီတစ်ခါတည်းပို့ပေးလိုက်မယ်"
သူက အလျှော့ပေးလိုက်တယ် ဒါပေမယ့် အဲ့ဒါက သူတို့ထက်နိမ့်ကျသွားတယ်လို့ မဆိုလိုဘူး
"ဒါက ငါ့အတွက်လည်း အဆင်ပြေတယ်"
"ကောင်းပြီ။ ဆိတ်ဆီးကို ရေနည်းနည်းနဲ့ ရောပြီး တိုက်လိုက်ပါ နှစ်နာရီလောက်အကြာမှာ ပြန်ကောင်းလာမှာပါ"
ထိုအကြောင်းကိုပြောရင်း လင်းဂျင်ရွှမ်သည် သူ့အင်္ကျီလက်စများကို လှန်လိုက်ပြီး နောက်ပြန်လှည့်ကာမျက်နှာကို ပါးရိုက်လိုက်ပုံရသည်။ လင်းချီရန် သည်ကြားပြီးနောက် အဘွားအိုအား အပြင်းအထန် ဒေါသတကြီးစိုက်ကြည့်ခဲ့ပြီး သားကြီးနှင့် မြေးအနည်းငယ်ကို လင်းချန်းဟွာအား သယ်ဆောင်ရန် ဒေါသတကြီးလက်ပြကာ လင်းဂျင်ရွှမ်ခြံဝင်းမှ ထွက်ခွာသွားခဲ့သည်။ ထိုမြင်ကွင်းများလည်း ပျောက်ကွယ်သွားခဲ့သည်။ ပွဲပြီးသွားတဲ့အတွက် အခြားသူတွေလည်း ဆက်နေစရာအကြောင်းမရှိပါဘူး။ မကြာမီ မူလလူစည်ကားနေခဲ့သော ခြံဝင်းသည် လင်းဂျင်ရွှမ်နှင့် သူ့မိသားစုသာကျန်ရစ်ခဲ့သည်။
"ဟမ်..."
ရုတ်ချည်းရပ်နေသောရန်ရှန်းလွေ့သည်လင်းဂျင်ရွှမ် ပေါ်၌ တောက်ပသော ကျားမျက်လုံးများဖြင့် ကြည့်နေရင်း အားနည်းသောခံစားချက်များဖြစ်ပေါ်လာခဲ့သည်။ မပျောက်နိုင်သော ဒဏ်ရာများဖြင့် ယခုအချိန်အထိ ရပ်ထားနိုင်သည်မှာ အံ့ဖွယ်အမှုတစ်ခုဖြစ်နေပြီဖြစ်သည်။ လင်းဂျင်ရွှမ်က သူ့ကို လက်တစ်ဖက်နဲ့ ထိန်းလိုက်ပြီး သူ့သွေးခုန်နှုန်းကိုနောက်တစ်ခြားတစ်ဖက်နဲ့ စမ်းလိုက်တယ်။ မောပန်းနွမ်း နယ်နေပြီဖြစ်ကြောင်းသေချာပြီးနောက်လင်းဂျင်ရွှမ်ကအသက်ပြင်းပြင်းရှူထုတ်လိုက်သည်။
YOU ARE READING
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Historical Fictionတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...