Chapter 108

3.6K 432 0
                                    

☘️ Chapter 108
☘️ အိမ်တည်ဆောက်မှု အစီအစဉ် (၂)

"ဒါဆို အစ်ကို့ကို ဒုက္ခပေးရလို့ တောင်းပန်ပါတယ်"

လင်းဂျင်ရွှမ်သည်လည်း လျှောက်သွားတတ်သောသူမဟုတ်ပေ။ ဤချူစီသည် အသက်ငယ်သော် လည်း၊ သူသည် ဂျူရမ်ကိုပင် အနိုင်ယူနိုင်သော ကြောင့် သူ၏ပေါင်မုန့်နှစ်လုံးကို သေချာပေါက် အသိဉာဏ်ကြွယ်၀စေလိမ့်မည်ဖြစ်သည်။ ထို့အပြင် ဆိုးရွားသော ရည်ရွယ်ချက်များကိုင်ဆောင်ထားသူသည် အလွန်အေးစက်ကာ နိမ့်ကျ၍နေမည်မဟုတ်သည့်အပြင် ဆိုင်ရှင်ကျန့်၏ အကြံပြုချက်ဖြင့် လင်းဂျင်ရွှမ်သည် ၎င်းအားပေါင်မုန့်လုံးလေးများ ၏ဆရာအဖြစ် ချက်ချင်းခန့်အပ်ရန်ဆုံးဖြတ်ချက်ချလုနီးပါးဖြစ်‌စေခဲ့သည်။

"ပြဿနာမရှိပါဘူး။ မင်းအားတဲ့အချိန် ကလေးတွေကိုပါ စားသောက်ဆိုင်ကိုခေါ်လာခဲ့လိုက်လေ"

ဆိုင်ရှင်ကျန့်သည် ရိုးရိုးသားသားပင်။ ရင်ဘတ်ကို ပွတ်သပ်ရင်းနားလည်သွားသည်။ လင်းဂျင်ရွှမ်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး

“နောက်တစ်ခု။  မြို့ထဲမှာ လျူလို့နာမည်ရှိတဲ့ အာမခံတဲ့သူတယောက်ရှိတယ်လို့ ကြားမိတယ်။ ခင်ဗျား သူ့ကိုသိလား ကျွန်တော် မသိလို့"

“ဒီလိုလူတော့ရှိတယ်။ ဘာကြောင့် မေးတာလဲ?  မြေဝယ်မလို့လား ?"

လယ်သမားများ ငွေရှာနိုင်သောအခါ ပထမဆုံးရွေး ချယ်မှုမှာမြေဝယ်ခြင်းဖြစ်သည်။

"ဟားဟား၊ အဲလိုမျိုးပေါ့။ က​လေး​တွေ မြို့​မှာသင်ကြ​မယ်ဆိုတော့ ရထားလုံးတစ်​စီး​နဲ့ နွား​နို့အတွက် နွားဝယ်​ဖို့တွေး​နေ​တာ။ ပြီးတော့ ခင်ဗျားမြင်တဲ့အတိုင်း လေပြင်းနည်းနည်းတိုက်တာနဲ့ ကျွန်တော့်အိမ်က မိနစ်ပိုင်းတင် ပြိုကျလာလိမ့်မယ်။ဒါကြောင့် အနီးနားက အိမ်ခြေတွေအများကြီးဝယ်ပြီးပြောင် လက်တောက်ပတဲ့ အုတ်ကြွပ်မိုးထားတဲ့အိမ်ကြီးတစ်လုံးကိုဆောက်ဖို့ စိတ်ကူးယဉ်နိုင်မလားလို့စဉ်းစားထားတယ်"

အရင်က သူ့လက်ထဲမှာငွေအများကြီးမရှိလို့ အရမ်း ကြီးမတွေးရဲခဲ့ပေ။ ယခုမူကား သူသည် ဤမျှကြီး မားသောကံကြမ္မကောင်းကိုရရှိနိုင်ခဲ့သည်။ အိမ်ကို တစ်ခါတည်း အပြီးဆောက်ချင်တာကြောင့်ဖြစ် သည်။ အုတ်ကြွပ်မိုးထားတဲ့ အိမ်ကြီးတစ်အိမ်လို့ ပြောပေမယ့် တကယ်တမ်းကျတော့ ဘေးတစ်ဖက်စီမှာ အခန်းကြီး ၃ ခန်း၊ ဘေးခန်းတွေရယ် ငါးကန်နဲ့ ဥယျာဉ်ခြံကြီးတစ်ခု ဆောက်ဖို့စိတ်ကူးထားတယ်။ဟုတ်တယ် ဒီအစောပိုင်းကာလမှာ သူတို့ရဲ့ နေထိုင်မှုပြဿနာကို အရင် ဖြေရှင်းဖို့လိုအပ်တာကြောင့် ပင်မအိမ်ကို အရင်ဆောက်ခဲ့သည်။ တခြားအသုံး အဆောင်တွေအတွက်တော့ ဖြည်းဖြည်းပဲလုပ်သွားမည်။ ပထမဦးစွာ သူသည်မြေကိုဝယ်ကာ နံရံများဆောက်ရန်အုတ်များဝယ်ထားရလိမ့်မည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now