Chapter 107

3.6K 449 1
                                    

☘️ Chapter 107
☘️ အိမ်တည်ဆောက်မှု အစီအစဉ် (၁)

နောက်တစ်နေ့နံနက်စောစောတွင် ရှင်းယွမ်စား သောက်ဆိုင်မှ ယိုယူရန်အတွက် လင်းရွာသို့ရထား လုံးရှစ်စီးပို့လိုက်သည်။ ထိုကြီးကျယ်ခမ်းနားမှုကိုပုံဖော်ကြည့်နိုင်သည်။ ရွာတွေမှာ နွားလှည်းပိုင်ရင်ကို ချမ်းသာတဲ့ မိသားစုတွေအဖြစ်မှတ်ယူဖို့လိုနေပါပြီ။ ရထားလုံးလား ? အဲဒါကို တွေးတောင်မတွေးနိုင်ကြပေ ရှစ်လုံးဆိုပါလျှင်!! လင်းရွာသို့ရထားလုံးတွဲများ မောင်းနှင်လာသောအခါ တစ်ရွာလုံးတုန်လှုပ်သွားကြသည်။ လူအများအပြားသည် လက်ထဲမှအလုပ် များချထားပြီး ရထားလုံးနောက်သို့လိုက်ကြသည်။ သို့သော် ထိုရထားလုံးများသည် လင်းဂျင်ရွှမ်၏ အိမ်တံခါးရှေ့တွင်ရပ်တန့်နေသည်ကို တွေ့လိုက်ရသောအခါတွင် သူတို့အကုန်လုံး တုန်လှုပ်ခြောက်ခြားသွားကြကာ ဘာတွေဖြစ်နေကြသည်ကို မသိလိုက်ကြပေ။

"ဟားဟား၊ ညီလေးလင်း မင်းက အရမ်းမြန်တာပဲ မင်းတကယ် ဂျင် ၂၅၀၀ တောင်ထုတ်ပေးနိုင်ခဲ့တာ ပဲ! ရက်အနည်းငယ်ပဲရှိသေးတာလေ၊ အဲဒါက ငါတို့ကို အချိန်အတော်ကြာထိန်းထားစေနိုင်တယ်ဆိုတာ မင်းသိရဲ့လား ? ယိုအိုးတစ်ရာကို အစကဒါတုန်မြို့မှာရောင်းဖို့ရည်ရွယ်ထားပေမယ့် ဆိုင်ရှင်ကအဲဒီနေရာမှာစောင့်ပြီးတစ်ဝက်ကိုယူသွားခဲ့တယ်။ခုတစ် ဝက်ပဲကျန်တော့တယ် သူတို့ကို ချန်ဖို့ကြိုးစားခဲ့ပေမယ့် တစ်ခုမှမကျန်တော့ဘူး။ မင်းရဲ့ယို ဂျင် 2500 ကအချိန်တန်ပြီပဲ"

ဆိုင်ရှင်ကျန့် သည် ကုန်ပစ္စည်းများကို လူကိုယ်တိုင်လာရောက်ယူဆောင်လာကာ လင်းဂျင်ရွှမ်အား စကားပြောရန်အချိန်ယူခဲ့သည်။ တကယ်တော့ ယိုအိုးငါးဆယ်သည် ဒါတုန်မြို့၌ပင် အနည်းဆုံးဆယ်ရက်ကြာအောင်သာ ထိန်းထားနိုင်သည်၊၊ အအေးအချိုပွဲ တစ်ခုစီတိုင်းတွင် ရေခဲများစွာရှိမည်ဖြစ် သည်။ ဒါတုန်မြို့က သိပ်မကြီးပါ။ ဤနေရာတွင် ငါးနှစ်ကြာနေခဲ့သော်လည်း တရားသူကြီးဟူ၏ မိသားစုတစ်ခုလုံးသည် ပူလောင်သောနွေရာသီကို လိုက်လျောညီထွေမဖြစ်နိုင်သေးပေ။ ဒါကြောင့် ရှေးစတိုင် အအေးအချိုပွဲ (ရေခဲခြစ်ပေါ့ကွယ်) ကိုမြည်းစမ်းကြည့်ပြီးနောက်စွဲစွဲလန်း လန်းဖြစ်ခဲ့ရပြီး နေ့တိုင်းအများကြီး စားဖြစ်ခဲ့ကြတယ်။ လူတွေက ခေတ်ရေစီးကြောင်းအတိုင်းလိုက်ရတာ ကြိုက်ကြတာသိတယ်မလား ? တရားသူကြီးက သဘောကျနှစ်ခြိုက်သော အရာတစ်ခုကို အခြားသူများကလည်း မြည်းစမ်းကြည့်ချင်ပေလိမ့်မည်။ နောက်တော့... အဲဒီအအေးအချိုပွဲကို အရူးလိုရောင်းခဲ့လိုက်ရသဖြင့် အဓိကပစ္စည်းဖြစ်တဲ့ ယိုသည်ပစ္စည်းပြတ်လပ်သွားခဲ့ရသည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now