☘️ Chapter 92
☘️ နေ့ရက်များဆက်သွားနေခြင်း : သားကြီး၏မိသားစုပရမ်းပတာဖြစ်ခြင်း (၁)တိတ်ဆိတ်ပြီး အလုပ်များတဲ့နေ့တွေက အလျင်မြန်ပြီးသွားခဲ့တယ်။ စားသောက်ဆိုင်ကနေ ငါးယူဖို့ ရထားလံုးကိုလွှတ်လိုက်တာနဲ့ ၀မ်က နွားလှည်းသုံးစီးနဲ့ ခရားတွေ အိုးတွေနဲ့ လူကိုယ်တိုင် ရောက်ချလာတယ်။ လင်းဂျင်ရွှမ်၏ အမှာစာသည် ကြီးမားသောကြောင့်၊ ထိုအမှာနှစ်ခု၏ အချိန်နီးကပ်လာသော ကြောင့် ၀မ်သည်ဈေးဆိုင်ကို ပြတ်ပြတ်သားသားပိတ်ထားလိုက်ပြီး ထိုအိုးများနှင့် ခရားများကိုဖုတ်ရန် အလုပ်သမားများကို နေ့ရောညပါ သူ့ကိုယ်တိုင်ဦးဆောင်ခဲ့သည်။ ယခု နှစ်ရက်သာလိုတော့သည် ဖြစ်သဖြင့် ၎င်းမှာယူထားသည် တစ်ဝက်အားလာပို့ခြင်းဖြစ်သည်။
"လူငယ်လေးလင်း ဒီဟာကဝိုင်အိုးတစ်ရာ မင်းနှစ်ရာမှာထားပေမယ့် ရှုပ်ထွေးတဲ့ထုတ်လုပ်မှုလုပ်ငန်း စဉ်ကြောင့်မပြီးသေးဘူး ဒီဝိုင်အိုးတစ်ရာ၊ အိုးသေးတစ်ရာနဲ့ အကြီးငါးဆယ်ကို မင်းအတွက် ဒီနေ့ ငါယူလာခဲ့တယ်။ မင်းလိုချင်တဲ့ပုံစံ ပြောပြထားတဲ့ အိုးငါးဆယ်ကို မင်းကြည့်ချင်လား ?"
ဂိတ်ဝမှာ နွားလှည်းရပ်ခိုင်းတဲ့ အလုပ်သမားကို ၀မ်က အပေါ်ကဖုံးထားတဲ့ ဆီသားရေကို ရုတ်သိမ်းဖို့အစပျိုးလိုက်တယ်။ ညီအကိုနှစ်ယောက် ရှေ့ကိုရွှေ့ပြီး အသေးတစ်လုံးကို ယူကာစစ်ဆေးသည်။ ဒီစာလုံးကြီး လင်းက (လင်းဂျင်ရွှမ်၏ မျိုးရိုးအမည်) ဖြစ်ပြီး ဖြူစင်သော ခန္ဓာကိုယ်၏ သုံးပုံတစ်ပုံနီးပါးကိုနေရာယူထားပြီး အောက်ခြေတွင် လင်းမိသားစုယိုဟူသော စကားလုံးသုံးလုံးမှာ ရိုးရှင်းသော်လည်း သပ်ရပ်သောလက်ရာဖြစ်သည်။ ညီအကိုနှစ်ယောက်က ခေါင်းညိတ်ပြပြီး ကျေနပ်သွားကြသည်။
"ကောင်းပြီ။ ဒါကလိုချင်တဲ့ ပုံစံအတိုင်းပဲ ခင်ဗျားကပြောထားတဲ့ ပုံစံအတိုင်းလုပ်ပေးနိုင်ခဲ့တယ်"
ကိုယ်ထည်ရှိဖြူစင်သောအဖြူရောင်နှင့် လိုက်ဖက်သောအညိုရင့်ရောင် အရောင်ကိုကြည့်ရင်း လင်းဂျင်ရွှမ်သည် တောက်ပသောအပြုံးတစ်ခုပေးကာ ရှေးခေတ်က သူ၏ပထမဆုံးအသက်မွေးဝမ်းကြောင်းကို လမ်းကြောင်းမှန်ပေါ်သို့ တဖြည်းဖြည်းတက်လှမ်းလာခဲ့သည်။ လက်ရှိတွင် သူသည်သုံးလ သာလုပ်ဆောင်ရန် ဆုံးဖြတ်ထားသော်လည်းငွေများသည်။ ရရှိသော အမြတ်ငွေသည် သူ၏ အနာဂတ်အရင်းအနှီးအဖြစ်၊ သူ့အတွက် ကြွယ်ဝချမ်းသာမှုကို ပိုမိုဖန်တီးနိုင်သည်။
YOU ARE READING
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Historical Fictionတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...