Chapter 95

3.5K 399 0
                                    

☘️ Chapter 95
☘️ လင်းဂျင်ဝေ၏ အမုန်း ( ၂ )

"အဘိုးကို ပြောပြဖို့ကျန်ခဲ့တာတစ်ခုရှိတယ်။ ကျွန်တော်တို့ အဘိုးကိုမပြောခဲ့ဘူး၊ လွန်ခဲ့တဲ့လအနည်းငယ်က နောက်ဆုံးမှာ ငါ့ယောက္ခမနဲ့ စုဟွာရဲ့ခွင့်ပြုချက်ရခဲ့တယ်၊ ငါတို့မိသားစုကကလေးကိုမွေးစားလို့ရတယ်။ ဂျင်ရွှမ့်ကို မိသားစုကနှင်ထုတ်ခဲ့ပေမယ့် ကလေးနှစ်ယောက်က အပြစ်ကင်းတဲ့အတွက်ကျွန်‌တော့်ရဲ့ ဒုတိယဦးလေးနဲ့အဒေါ်တို့ရဲ့ အမြင်တွေကို အမေ့ကိုမေးဖို့တောင်းဆိုခဲ့ပေမယ့် သူတို့က ချက်ချင်းငြင်းပယ်ခဲ့တယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဂျင်ရွှမ်နဲ့မြို့မှာ ကကလေးနှစ်ယောက်ကို မတော်တဆဝင်တိုက်မိခဲ့တယ်။ ကလေးနှစ်ယောက်က အရမ်းချစ်စရာကောင်းတာမို့ သူတို့အတွက် Osmanthus သကြားလုံးနှစ်ထုပ်ဝယ်‌ပေးလိုက်တယ်။ ဒုတိယဦးလေးနဲ့ အဒေါ်က သူ့ကလေးတွေကို ကျွန်တော် မွေးစားချင်တဲ့အကြောင်းပြောပြလိုက်မှာကိုကြောက်တယ်။ သူ့ရင်ထဲအမုန်းတရားတွေချုပ်နှောင်ထားပြီး မနေ့ညက ယောက္ခထီးဆီသွားပြီး ကျွန်တော်ကအေးတဲ့သုတ်ပိုးတွေနဲ့ မွေးပြီးမိန်းမကိုကိုယ်ဝန်မရ‌စေနိုင်ဘူးဆိုတဲ့ ပုံပြင်ကိုတီ ထွင်ခဲ့တယ်။ ပထမတော့ ယောက္ခထီးကမယုံဘူး ဒါပေမယ့် လူပုံအလယ်မှာ ယောက္ခထီးက ဘာလုပ်ခဲ့လဲမသိပါဘူး။ နောက်နေ့ကျတော့ ယောက္ခထီးက သူ့သဘောထားကို ချက်ချင်းပြောင်းလိုက်ပြီးစုဟွာ နဲ့ ငြိမ်းချမ်းစွာ ကွာရှင်းဖို့တောင်းဆိုခဲ့တယ်။ ဒါက လင်းဂျင်ရွှမ်ကြောင့်ပါ။ သူ့ကြောင့်သာမဟုတ်ရင် ကျွန်တော်ဒီလိုအဆုံးသတ်မှာမဟုတ်ဘူး။ အဘိုး အဘိုး ကျွန်တော့်အတွက် တရားမျှတမှုရှာပေးရမယ်!"

ကလေးများအား ပြန်ပေးဆွဲခြင်း အမှန်တရားကို တမင်ဖုံးကွယ်ထားသည့် လင်းဂျင်ဝေသည် အဘိုးအိုထံသို့ တွားသွားကာငိုယိုနေခဲ့သည်။ သို့သော်မည်သူမျှ မမြင်နိုင်သောထောင့်တစ်နေရာတွင် သူ့မျက်လုံးများသည် ဖုံးကွယ်ထားသော အမုန်းတရားများဖြင့်ပြည့်နှက်နေသည်။သူ၏ တစ်ဝက်တစ်ပျက် ရှင်းပြချက်သည် လင်းဂျင်ရွှမ်ကို အပြစ်ပေးရုံသာမက လင်းချန်းလုံနှင့် သူ၏ဇနီးကိုပါ ပါဝင်စေခဲ့သည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'حيث تعيش القصص. اكتشف الآن