Chapter 116

3.3K 682 2
                                    

☘️Chapter 116
☘️လူရှုပ်ကဲ့သို့ ၊ သူငယ်ချင်းဟောင်းလား ? (၂)

"မင်းက ဂျင်ဟန့်အတွက် သူလိုအပ်တဲ့ စာအုပ်တွေသွားရှာလိုက် စုတ်တံ၊ မှင်တွေ၊ စက္ကူနဲ့ မှင်ကျောက်တွေဝယ်ဖို့ ငါက ဆိုင်ရှင်ဆီသွားလိုက်မယ်။"

ထို့နောက် ညီအစ်ကိုနှစ်ယောက် လမ်းခွဲလိုက်ကြသည်။ တစ်ယောက်ကကောင်တာ ဘက်လှည့်ပြီး ကျန်တစ်ယောက်က စင်တွေဘက်ကိုသွားခဲ့သည်။ ထူးဆန်းတာက သူတို့ဝင်လာကတည်းက သူတို့ ဘယ်အစေခံကိုမှ ဘယ်သူကမှမတွေ့မိကြပေ။ ခဏအကြာတွင် လင်းဂျင်ရွှမ်သည် ကောင်တာနောက် ကွယ်ရှိ ပက်လက်ကုလားထိုင်ပေါ်တွင် အိပ်နေသော လူငယ်တစ်ဦး၊ ဓားပုံစံ မျက်ခုံးမွှေး၊ နှာတံရှည်သည် ချိတ်ကဲ့သို့ နှုတ်ခမ်းသားသည် သွေးကဲ့သို့နီရဲနေ သည် နူးညံ့သောငန်းဥမျက်နှာနှင့်လိုက်ဖက်လှသော လူငယ်တစ်ဦးကိုတွေ့လိုက်ရသည်။ သူသည် ယောက်ျားအဝတ်အစားနှင့် ပြန့်ပြူးသောရင်ဘတ်ကို၀တ်ထားသည်ဟု မဆိုနိုင်ဘဲ လင်းဂျင်ရွှမ်နှင့် ရန်ရှန်းလွေ့တို့သည် မိန်းမဟုတ် မဟုတ်ကိုပင် သံသယ မဝင်နိုင်ကြပေ။ ဒီလူဟာ ပန်းချီကားထဲက သူတစ်ယောက်လိုလှပဖို့ရာ တကယ်ကိုလှနေသည့်ပုံပင်။

“ဖေဖေ… ! မင်းတို့ က ဘယ်သူလဲ…”

ဘန်း~

ဆယ်နှစ်ခန့် ကောင်လေးတစ်ယောက်သည် ရင်ခွင်ထဲမှရုတ်တရက်ထွက်လာခဲ့သည်။ အတိအကျပြောရရင် ရန်ရှန်းလွေ့က သူတို့ကိုရှင်းရှင်းလင်းလင်း မြင်လိုက်ရတဲ့အခါ သူ့မျက်နှာငယ်လေးက ဖြူဖျော့သွားပြီး သူ့လက်ထဲက မှင်ကျောက်ဟာ မြေပြင်ပေါ်ကိုပြုတ်ကျသွားပြီး သူ့ရဲ့ကျယ်ပြောလှတဲ့ ဗာဒံပုံသဏ္ဍာန် မျက်လုံးတွေမှာ အံ့သြခြင်းတွေပြည့်နှက်နေခဲ့သည်။ ပြီးတော့ တုန်ရီနေတဲ့နှုတ်ခမ်းတွေက အခု သူဘယ်လောက်ထိကြောက်နေလဲဆိုတာပြသနေသည်။

ရန်ရှန်းလွေ့၏ မျက်နှာသည်မှောင်မိုက်သွားပြီး မျက်လုံးတွေက သတိနဲ့ကြည့်နေခဲ့သည်။ လင်းဂျင်ရွှမ်လည်းပါးစပ်ထောင့်မှပြုံးပြပြီး သူ့အရွယ်အစားကိုကြည့်လိုက်ပါတော့သည်။ ကောင်လေးသည် အသက် ဆယ်နှစ်ခန့်သာရှိသေးပြီး နက်ပြာရောင် ပိုးထည်၀တ်ထားကာအရပ်ရှည်သော်လည်းအနည်း ငယ်ပိန်လွန်းသည်။ သူ့မျက်နှာကို လှည့်ကြည့်လိုက်တော့ သူအံ့သြသွားသည်။ ထိုမျက်နှာသည် ရန်ရှန်းလွေ့နှင့် ပို၍အတိအကျပြောရလျှင် ထိုပေါင်မုန့်လုံး ကလေးများနှင့် ဆင်တူနေသလိုပင်။ ဒီကောင်လေးကတော်ဝင်မိသားစုကများဖြစ်နိုင်မလား ? တော်၀င်မိသားစုရှိလူများကို နေရာတိုင်းတွင် ဘယ်အချိန်က တည်းက အလွယ်တကူမြင်နေရသနည်း။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now