Chapter 125

3.2K 415 4
                                    

Chapter 125
ပေါင်မုန့်လုံးကြီးအား ဆွဲဆောင်ရန် ကြိုးစားခြင်း (၁)

"ဘာလို့ထပ်ငိုနေတာလဲ။ မင်းက ကလေးတွေရဲ့ အဖွားဖြစ်နေပြီလေ သူတို့ မင်းကို ရယ်ကြမှာ မကြောက်ဘူးလား ? ဒီလိုအရွယ်မှာ ကိုယ်ဝန်ပျက်ကျခဲ့ရပြီးပြီ ကျန်းမာရေးကလည်း သိပ်မကောင်းဘူး အခုလည်း အရမ်းငိုနေပြန်ပြိ နာတာရှည်ရောဂါတစ်ခုခုရှိနေရင် ဘယ်လိုလုပ်မလဲ ?  ဂျင်ဟွာ အခု ဂျင်ရွှမ်ကလည်း နောက်ဆုံးမှာပိုပြီးကောင်းလာခဲ့ပြီပဲ မင်းလည်း အဲ့ကနေထွက်လာခဲ့ပြီလေ။ အကြင်နာမဲ့တဲ့မိသားစုအ‌ကြောင်းကိုထပ်ပြီးတွေးမနေနဲ့တော့။ မင်းခန္ဓာကိုယ်ကို အာဟာရဖြည့်ပြီး ကလေးတွေကိုပြုစုစောင့်ရှောက်ဖို့ကအရေးကြီးဆုံးပဲ။”

အဘွားကြီးသည် လမ်းလျှောက်လာရင်း ကုတင်ဘေးတွင်ထိုင်ကာ သမီးဖြစ်သူ၏လက်ကိုကိုင်ကာ ပြောလိုက်သည်။ သူ့သမီးနဲ့ သားမက်တွေ ပြဿနာဖြစ်တယ်လို့ကြားတော့ တစ်ညလုံးအိပ်မရဖြစ်နေခဲ့တယ်။ မိုးမလင်းခင်မှာ သူထပြီး ရွာကနေအမြန်ထွက်လာခဲ့တယ်။ တစ်စုံတစ်ယောက်သည် သူမ၏ နှလုံးကိုဖြတ်တောက်သွားသလို ခံစားခဲ့ရပြီး သူ့သမီးကို ဤမိသားစုတွင်လက်ထပ်ပေးလိုက်ရခြင်းအတွက် နောင်တရခြင်းနှင့် မကျေမနပ်မကျေမနပ်ဖြစ်မိခဲ့သည်။ တစ်ခုတည်းသောကောင်းတဲ့အရာကဂျင်ရွှမ်နဲ့ ဂျင်ဟန်နှစ်ယောက်စလုံးပြန်ကောင်းလာခဲ့တာပဲ။ အထူးသဖြင့် ဂျင်ရွှမ်ပဲ သူ့ဘဝတွေပိုကောင်း လာသလိုပဲ။ အခု မြေးသားမက်တစ်ယောက်ရှိဖို့ကောင်းတယ်။ ကြင်နာတတ်ပြီး အကျင့်စာရိတ္တကောင်းမွန်ရင်ကိုတော်ပါပြီလေ။

"မေမေ ကျွန်မသိပါတယ် ဒါပေမယ့် ကျွန်မ....."

သူ ဘယ်လိုမှနားမလည်နိုင်ခဲ့ပါဘူး။ ပြဿနာက သူမ မကူညီနိုင်ခဲ့ပါ။ သူတို့ဟာ ဒီလိုအနိုင်ကျင့်ခံခဲ့ရတယ်။

"ကောင်းပြီ အမေ အဖွားပြောတာမှန်တယ်။ အမေက မီးတွင်းထဲမှာရှိနေဆဲလေ အမေ ဒီလိုငိုနေလို့မရဘူး။  စိတ်ချပါ။ အခု ဂျင်ဟန်ကလည်းပိုကောင်းလာပြီပဲလေ သူရာထူးရတဲ့အခါ ဘယ်သူကများ သားတို့ကို ထပ်ပြီးအနိုင်ကျင့်ရဲလဲဆိုတာ ကြည့်ကြရအောင် ဒါ့အပြင် အခုရှန်းလွေ့လည်းရှိတယ်။ သူ့ခေါင်းက ဒဏ်ရာကပျောက်လုနီးပါးဖြစ်နေပြီ။ သူလုံးဝနေကောင်းလာတဲ့အခါ တစ်ခါတည်းနဲ့ဆယ်ကြိမ်လောက်ရိုက်နိုင်လိမ့်မယ် !”

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now