Chapter 126

3K 435 0
                                    

Chapter 126
ပေါင်မုန့်လုံးကြီးအား ဆွဲဆောင်ရန် ကြိုးစားခြင်း (၂)

သူ့အဖေသုံးခဲ့တဲ့ ပိုက်ဆံတွေအကုန်လုံးကို တွေးပြီး အသားထဲမှာနာကျင်မှုတွေ အားလုံးကိုမခံစားနိုင်ဘူး။ သူ့ဖေဖေကို ကောင်းကောင်းကြီး ပြစ်တင်ဆုံးမ ရမယ်ဆိုတာပဲ။

"ဟီးဟီး~ ရွာသူမိသားစုကို တာဝန်ထမ်းဖို့ အစေခံမထားရဘူးလို့ ဘယ်သူကပြောလဲ"

ပြုံးလျက် ခေါင်းကို ပွတ်သပ်ရင်း ရန်ရှန်းလွေ့က သူ့ကိုထိုင်ခိုင်းပြီး ခပ်လှမ်းလှမ်းကို လှမ်းကြည့်ရင်း

“ရှောင်၀မ် မင်းက ကလေးကောင်းတစ်ယောက်မှန်း ငါသိတယ် အရင်က မကြာခဏငတ်ပြတ်နေခဲ့ကြ တော့ ဒါကြောင့် မင်းပိုက်ဆံကိုအရမ်းဂရုစိုက်နေတာ။ ဒါပေမယ့် အချိန်တိုင်း မင်းအဖေက ပိုက်ဆံအများကြီးသုံးကုန်သွားတာကို မင်းမြင်ဖူးပေမယ့် သူ ပိုက်ဆံဘယ်လိုရှာရမလဲမတွေးတာမဟုတ်ဘူး။  မင်းကိုငါရှင်းပြပါရစေဦး ပထမ ဆေးဖက်ဝင်ငါးက တစ်နေ့ကို အနည်းဆုံး ငွေတစ်ထောင်ကျော်ရတယ်မဟုတ်လား။ အဲဒါက တစ်လကိုငွေချောင်းငါးဆယ်လောက်ရှိတယ်။ ဟင်းချက်နည်းကတော့ ပြောစရာတောင်မလိုပါဘူး။ ဆယ်ရက်လောက်အတွင်းမှာပဲ ငွေနှစ်ထောင်ကျော်ရောင်းရတယ်။ ပြီးတော့ အနာ ဂတ်မှာ ဒီထက်ပိုပြီးကြီးထွားလာဦးမှာပါ။ ဒါဆို မြေဝယ်တာဘာမှားလို့လဲ။ သုံးတဲ့ငွေနဲ့ ယှဉ်ရင်အဲဒီထက်အဆပေါင်းများစွာပိုရနိုင်တယ်”

မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားရင်တောင်မှ စစ်ပွဲတွေအတွက် တနှစ်ပတ်လုံး တပ်ဖွဲ့တွေကို ဦးဆောင်ခဲ့တဲ့ စသ်သူကြီးတစ်ယောက်ဟာ နူးညံ့သိမ်မွေ့ဖို့မသင့်တော်ပါဘူး။ ဒါပေမယ့် သူ့သားကိုမျက်နှာမူပြီး တတ်နိုင်သလောက် စကားကိုလှအောင်ပြောဖို့ကြိုး စားနေခဲ့ပြီ။ ဒါပေမယ့် သူ့သားက နားမထောင်သေးရင်၊ ပေါင်မုန့်လုံးကြီးအားဆွဲဆောင်ဖို့ ဂျင်ရွှမ်ကို ကတိပေးခဲ့တဲ့အတွက် သူ့ရဲ့ ဝှက်ဖဲကိုတောင်ထုတ် ပေးနိုင်ပါတယ်။

“သားတို့ ပိုက်ဆံတွေအများကြီးရှာထားပေမယ့် ဖေဖေ ဖြုန်းဖို့ကြိုးစားတာကို လွှတ်ထားဖို့မဖြစ်နိုင်ဘူး။ သားတို့တောင် နေဖို့နေစရာမရှိတာကိုဘာကြောင့် တစ်ယောက်ယောက်ကိုဝယ်ရတာလဲ ?? ဖေဖေ ငွေသုံးတာကို အမြဲအာရုံစိုက်မနေသင့်ဘူးလို့ ကိုယ့်ကိုယ်ကိုပြောဖို့ အရမ်းကြိုးစားခဲ့ရတယ်။     ဒါပေမယ့် ဖေဖေပိုက်ဆံဖြုန်းနေတာတွေ့တိုင်း သားရဲ့နှလုံးသားကနာကျင်နေရတယ်။ ဟုတ်တယ် သားတို့က အခုပိုက်ဆံနည်းနည်းရပြီးပြီ နောက်ပိုရှာလို့ရတယ်၊ ဒါပေမယ့်... တစ်နေ့နေ့မှာ သားတို့ပိုက်ဆံကုန်သွားရင် အအေးဒဏ်ကိုထပ်ခံရပြီး ငတ်မွတ်နေရဦးမယ်ဆိုရင် ဘယ်လိုလုပ်မလဲ??"

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now