Chapter -2-[ကြံ့ခိုင်တဲ့ကော]

4.7K 482 2
                                    

~ရဲရင့်သော ကောတစ်ယောက်~

ချန်းရှောင်မီရဲ့အဖွားက သူမမြေးကို ‌အတင်းအဓမ္မ ဖမ်းခေါ်ထားတဲ့ ချန်းရှောင်မီအပေါ် မုန်းတီးစွာဆန့်ကျင်လျက်ရှိသည် ။ ချန်းရှောင်မီက သူတို့သီးခြားခွဲနေဖို့ ပြောလာတဲ့အခါ သူမက ချန်းရှောင်မီကိုလည်း လက်မလွတ်ချင်ဘဲ သူ့ညီကိုလည်း ပဲနိအချို့နဲ့ရောင်းချင်သေးတာကြောင့် ခြိမ်းခြောက်‌တော့သည် ။

ချန်းရှောင်မီရဲ့ဗီဇကိုက ကြောက်ရွံ့မှုကင်းကာ အလျော့မပေးတတ်ခြင်း ဖြစ်တာမို့ သူ့ညီငယ်တွေနဲ့ ပြောင်းရွေ့သွားတဲ့အချိန်မှာ ဘာမျှခွင့်မတောင်းခဲ့ပေ ။

ကျန်တဲ့ရွာသား‌တွေကတော့ သူတို့စိတ်ထဲမှာ ချန်းရှောင်မီက သူ့ကိုယ်သူနဲ့ ညီငယ်နှစ်ယောက်အတွက် သူတစ်ယောက်တည်း ရပ်တည်နေနိုင်‌မည်လို့ မယုံကြည်ကြပေ ။ သူတို့က ချန်းရှောင်မီဟာ ချန်းမိသားစုမရှိရင် အပြင်းအထန်ကြိုးစားရုန်းကန်ရလိမ့်မယ် လို့ထင်နေကြသည်။ သို့သော် သူတို့မသိတာက ချန်းရှောင်မီဟာ ထိုနေ့အတွက် တိတ်တဆိတ် ငွေစုခဲ့တာကိုပင်။ အမဲလိုက်ခြင်းကနေ ငွေစုခဲ့ပြီး ထိုငွေတွေက ချန်းရှောင်မီနဲ့ သူ့ညီငယ်နှစ်ယောက်ကို ထောက်ပံ့ဖို့ ခဏတာတော့ လုံလောက်ခဲ့သည်။

မိသားစုထဲက ပြောင်းရွေ့ခြင်းကို ရွာသားတွေက ပုန်ကန်တဲ့အပြုအမူလို့ ယူဆကြသည် ။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေရှိတဲ့ အိမ်တွေပေါ့ ။ ချန်းမိသားစုရဲ့အကြီးအကဲတွေက ချန်ရှောင်မီအဖွားပြောတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားထောင်ပြီး ချန်းရှောင်မီကို အမှုဖွင့်ဖို့ အခိုင်အမာဆုံးဖြတ်လိုက်တဲ့အထိ အရမ်းမုန်းတီးနေကြသည် ။

အကြီးအကဲနှစ်ယောက်ထဲမှ တစ်ယောက်က အမှုဖွင့်တာနဲ့ပတ်သတ်၍ ညဘက်ကြီး အလွန်ပြင်းထန်စွာ အရိုက်ခံလိုက်ရသည်။ ကျန်တစ်ယောက်ကတော့ အစာအဆိပ်သင့်မှု အနည်းအကျဉ်း ဖြစ်သွားပြီး ဝမ်းလျှောကာ သေနေ့စေ့လုနီးနီး ဖြစ်သွားသည် ။

တချို့ စပ်စုတဲ့ရွာသားတွေက ချန်းရှောင်မီရဲ့ဘဝကို သိချင်ကြသည်။ မျိုးကြဲပြီး ကောက်ရိတ်ချိန်တွေမှာ သတင်းရဖို့ စုံစမ်းကြသည်။ သူတို့က ညလည်လောက်ကြီး သူတို့အိပ်ယာပေါ်က ကြွက်သေကိုရှာနေသလိုပင် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now