chapter -58-[စီးပွားရေး တဟုန်ထိုးအောင်မြင်ခြင်း]

1.8K 279 3
                                    

chapter -58-[စီးပွားရေး တဟုန်ထိုးအောင်မြင်ခြင်း]

ဝမ်းထျဲနဲ့ ယွင်နျန်က လွယ်အိတ်လုပ်ငန်းမှာ အရမ်းရောင်းရတာကြောင့် နှစ်ယောက်လုံး ပျော်ရွှင်နေကြသည် ။ အစေခံတွေဆိုတာ သူတို့ကို လက်မှတ်ထိုးဝယ်ယူထားတဲ့ သခင်တွေနဲ့ သခင်တွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ကြီးမားစွာ အမှီပြုနေရတာ ဖြစ်သည် ။

ဝမ်းထျဲက လုလင်းရော ချန်းရှောင်မီပါ သူတို့ကို နှိပ်စက်အနိုင်မကျင့်မှန်း သိပေမယ့် သခင်တွေရဲ့ စီးပွားရေးကျရှုံးပြီး သူတို့အတွက် အကုန်အကျမခံနိုင်တော့မှာ စိုးရိမ်သည် ။  သို့သော်အခုတော့ အသက်ရှူနိုင်ပြီဖြစ်သည်။  ဒီစီးပွားဖြစ် အိမ်မြေမှာ အလားအလာကောင်းတွေရှိမှန်း ယုံကြည်ချက်ရှိသည် ။

ဝမ်းထျဲက အများကြီး မျှော်လင့်ထားခြင်းမရှိပါ ။ သူတို့သားလေး ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာဖို့သာ မျော်လင့်မိသည် ။

လုလင်း ဒီနေ့ အိမ်ပြန်လာတာက ပုံကြမ်းစာအုပ်ကို အာရုံစိုက်လေ့လာနေတဲ့ ချန်းရှောင်မီကို တွေ့ဖို့သာ ဖြစ်သည် ။ ဇစ်(Zip)ကို တပ်ဆင်ဖို့နဲ့ ဇစ်က ဘယ်လိုမျိုး အသုံးဝင်ပြီး ကျောင်းလွယ်အိတ်ကို ပိုကြည့်ကောင်းစေတယ်ဆိုတဲ့ အကြောင်းကို ချန်းရှောင်မီအား အရင်နေ့က ပြောပြထားသည် ။ ချန်းရှောင်မီက ဇစ်နဲ့ပတ်သတ်တဲ့ ပုံကြမ်းကို လေ့လာနေတာဖြစ်ပြီး ဇစ်နေရာမှာ အစားထိုးမဲ့ အရာတစ်ခုရလာအောင် ကြိုးစားနေသည် ။

" ဒီကျောင်းလွယ်အိတ်က ကျော်ကြားလာလိမ့်မယ် ။ "

ချန်းရှောင်မီ ပြုံးရယ်လိုက်သည် ။

လုလင်းက ကုန်ပစ္စည်းအများကြီးကို သိုလှောင်ပြီးတာနဲ့ စတင်ရောင်းချခဲ့ပြီး အခုတော့ ကုန်ပစ္စည်းကောင်းကောင်းကို ထုတ်လုပ်နိုင်ဖို့ လုံးပန်းနေသည် ။ ဒီ လွယ်အိတ်တွေက မြို့မှာရှိတဲ့ကလေးတွေသာမက အိမ်နီးချင်းမြို့တွေက ကလေးတွေပါ ဝယ်ယူကြသည် ။

လုလင်း ခေါင်းညိတ်လိုက်သည် ။

" ဒါက ပစ္စည်းကောင်းပဲ ။ "

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now