chapter -13-[အဖွား၏ လုပ်ကြံခြင်း]

4.5K 477 16
                                    

~အဖွား၏ လုပ်ကြံခြင်း~

လုထုန်က ချန်းရှောင်မီဆီမှ ပြင်းထန်စွာဝေဖန်ခံထားရ‌တာကြောင့် ဝမ်းနည်းပက်လက်ဖြစ်နေပြီး အိမ်ပြန်လမ်းတစ်လျှောက်လုံး ကျယ်လှောင်စွာ အော်ငိုသွားလေသည် ။

" အမေ ! လုလင်းက ဘယ်လိုရိုင်းစိုင်းတဲ့ မိသားစုထဲကို လက်ထပ်ဝင်သွားတာလဲ? ချန်းရှောင်မီက တကယ့်အရိုင်းအစိုင်းကောင်။ "

လုထုန်ရဲ့အမေ ထောင်က ထိုအကြောင်းကြားပြီးနောက် မခံမရပ်နိုင် ဖြစ်လာသည် ။ လုထုန်ကို ပြောတာ လုလင်းသာဆိုရင်တော့ နောင်ကြဉ်အောင် တစ်ခုခုလုပ်လိုက်မှာ ဖြစ်ပေမယ့် ချန်းရှောင်မီက ခပ်ရိုင်းရိုင်းဝေဖန်လိုက်တယ်လို့ သူ့သမီးပြောတာကြားလိုက်ရတာကြောင့် ဒေါသကိုထိန်းထားလိုက်သည်။

အဲ့ဒီ ချန်းရှောင်မီက ကျောက်ကြီးရွာမှာ နံမည်ဆိုးနဲ့ကျော်ကြားတဲ့ လူရိုင်းကောင် ဖြစ်သည်ပင် ။ သူက မကျေနပ်ချက် သေးသေးလေးရှိရင်တောင် ပြသနာလာရှာနိုင်ပြီး ရွာရဲ့ လူရမ်းကားတွေတောင် သူနဲ့ဝေးဝေးနေကြသည် ။

ထောင်က ဒေါသထွက်နေသော်ငြား သူ့ကိုယ်သူ ချုပ်တည်းထားရသည် ။

" ဟမ်း.... ကြည့်ရတာ လုလင်းကို နောက်ထပ်အားကိုးလို့ မရတော့ဘူးပဲ ။ "

ထောင်က သူကိုယ်တိုင် ပင်ပင်ပန်းပန်း မလုပ်ခဲ့ဘူးပေ ။ သူမက ခိုကပ်နေပြီး လုလင်းအမေအသက်ရှိစဉ်က သူမကိုသာ စေခိုင်းလေ့ရှိသည် ။ သဘာဝကျကျပင် သူမကွယ်လွန်သွားပြီးနောက် လုလင်းကို ခိုင်းတတ်သည် ။

သို့သော် လုလင်းလက်ထပ်သွားပြီးနောက် ငြီးငွေ့ဖွယ် အိမ်အလုပ်တွေနဲ့ လယ်ယာလုပ်ငန်းတွေကို သူမ တာဝန်ယူလိုက်ရသည် ။

ထောင်ရဲ့ယောက်ျားက သူမသားကြောင့်သာမဟုတ်ပါက အချက်အပြုတ်ဆိုးရွားမူကြောင့် သူမအားရိုက်လုနီးပါးပင် ။

လုလင်းရဲ့အဖိုး လာနေတာကိုမြင်လိုက်ရသည် ။ ထိုကိစ္စနဲ့ ပတ်သတ်ပြီး စိတ်ရှုပ်နေပုံ‌တော့မရပေ ။

လုလင်းရဲ့အဖွား ဝမ်က ချိနဲ့တဲ့လုလင်းကို အုပ်စိုး ခိုင်း‌စေချင်သေးတာကြောင့် စိတ်အခြေအနေမကောင်းပေ ။ သူမက ပေါက်ကွဲထွက်မတတ် အော်ဟစ်ငိုယိုပြီး လုလင်းက သားသမီးဝတ်မကျေသူဟု စွပ်စွဲသည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now