chapter -53-[အိမ်ရာအ‌ဆောက်အအုံ ရှာဖွေခြင်း]

1.5K 226 0
                                    

chapter -53-[အိမ်ရာအ‌ဆောက်အအုံ ရှာဖွေခြင်း]

လုလင်းနဲ့ချန်းရှောင်မီ အိမ်ပြန်ရောက်တဲ့အချိန်မှာ ချန်းရှောင်ခိုင်က ညစာချက်ပြုတ်ပြီးနေပြီဖြစ်သည် ။

ချန်းရှောင်မီ တောင်ပေါ်ကို အမဲလိုက်ထွက်ချိန်တိုင်း ချန်းရှောင်ခိုင်ကပဲ သူ့ညီအစ်ကိုတွေအတွက် ချက်ပြုတ်ပေးတာဖြစ်ပြီး အရမ်းမကောင်းရင်တောင် လက်ခံလို့ရတဲ့အနေအထားမှာရှိသည် ။

လုလင်း မိသားစုထဲလက်ထပ်ဝင်လာတဲ့အခါ ချက်ပြုတ်မှုအတွက် သူတာဝန်ယူလိုက်ပေမယ့် လုလင်းမအားတဲ့အခါတွေမှာတော့ ချန်းရှောင်ခိုင်က ရံဖန်ရံခါ ချက်ပြုတ်နေဆဲပင် ။ လုလင်းချက်ပြုတ်တဲ့အခါ ချန်းရှောင်ခိုင်က အားလုံးကို သင်ယူလေ့လာတာကြောင့် သူ့ရဲ့ချက်ပြုတ်မှုပညာက တိုးတက်လာသည် ။

" အစ်ကိုကြီး ၊ လင်းကောကော .... ဒီနေ့ဘာလို့ အရမ်းနောက်ကျနေတာလဲ ။ "

ချန်းရှောင်ခိုင်ရဲ့ အမေးကြောင့် ချန်းရှောင်မီလည်း တောင်ပေါ်မှာ ဖြစ်ပျက်ခဲ့တာတွေကို ပြောပြလိုက်သည် ။

"အဲ့ဒီတောင်ပေါ်လူတွေက ခက်ခဲတဲ့ဘဝနဲ့ နေထိုင်ရတဲ့ သူတွေမလား ။ "

ချန်းရှောင်ခိုင် ခေါင်းယမ်းမိလိုက်သည် ။

ချန်းရှောင်မီနဲ့ သူ့ညီနှစ်ယောက်သည် ကျားကိုအမဲမလိုက်ခင်တုန်းက တောင်ပေါ်မှာ ညအနည်းငယ်လောက် အချိန်ကုန်ဆုံးခဲ့ရပြီးမှ သူတို့နေထိုင်တဲ့အိမ်ကိုဝယ်ခဲ့တာဖြစ်သည် ။ ဆင်းရဲနွမ်းပါးမှုကြောင့် လူတွေဘာဖြစ်နိုင်တယ်ဆိုတာကို သူကိုယ်တိုင် တွေ့ကြုံခဲ့တာမို့ ချင်းတွေအတွက် အလွန်ဝမ်းနည်းသလို ခံစားရသည် ။

ချန်းရှောင်ခိုင် ဘယ်လောက်တောင် စိတ်မကောင်းဖြစ်နေလဲဆိုတာ တွေ့ရတာမို့ လုလင်း အကြောင်းအရာပြောင်းကာ ရွာထဲမှာ စိတ်ဝင်စားစရာတွေကြားရသေးလားလို့ မေးမြန်းလိုက်သည် ။

ချန်းရှောင်ခိုင်က ကလေးတွေကြားထဲမှာ ကျော်ကြားသည် ။ တခြားကလေးတွေက အရေးမပါတဲ့ကိစ္စဖြစ်ဖြစ် အရေးကြီးတာဖြစ်ဖြစ် အားလုံးသူ့ကို လာပြောပြကြသည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now