chapter -41-[ယိုပြုလုပ်ခြင်း]

2.3K 321 0
                                    

chapter -41-[ယိုပြုလုပ်ခြင်း]

အဖွားလု ခြင်းအသေးလေးကိုကြည့်ကာ တုံ့ဆိုင်းနေမိသည် ။

" ဘယ်သူကများ ဒီလိုတောင်းသေးသေးလေးတွေကို အလိုရှိရတာလဲ ။ "

အဖွားလုက လုလင်းကိုမနှစ်သက်တဲ့အတွက် လုလင်းလုပ်သမျှကိစ္စတွေကို ဟုတ်‌သော်ရှိ၊ မဟုတ်သော်ရှိ အပြစ်တင်ဝေဖန်လေသည် ။ သို့သော်လည်း လုလင်းက ယခုချန်းရှောင်မီနဲ့ လက်ထပ်ပြီးပြီ ဖြစ်တာမို့ သူဘာမှ လုပ်လို့တော့ မရပေ ။ လုလင်း သူမခိုးယူနေတာ ကိုဖမ်းမိတယ်လို့ ပြောဆိုတဲ့ကိစ္စဖြစ်ပြီးတည်းကပင် သူ လုလင်းကို ရန်မစရဲတော့တာဖြစ်သည် ။

သူမရဲ့ လုပ်ဇာတ်နဲ့ပတ်သတ်ပြီး ရွာသူကြီးဆီက သတိပေးခြင်းကိုသာခံရပေမယ့် ချန်းရှောင်မီကတော့ သွားရှုပ်လို့ရတဲ့ သူမဟုတ်ပေ ။ ပြီးတော့ တကယ်‌တမ်း လုလင်းကို ချန်းရှောင်မီဆီ သူတို့ရောင်းပြီးပြီဖြစ်သည် (ချန်းရှောင်မီရဲ့ အပိုင်ဖြစ်သွားပြီ)။

" ကျွန်တော်ကြားတာတော့ လုလင်းက လက်မှုပညာသည်လင်းဝမ်ကို ခြင်းတစ်ခြင်းစီတိုင်းအတွက် ၅ ဆင့်ပေးခဲ့တယ်လို့ ကြားတယ် ။"

လုစုန်းရှီ က ပြန်ပြောသည် ။

လင်းဝမ်ဆိုတာ နှီး ၊ ဝါး ခြင်းတောင်း ၊ ဝါးကုလားထိုင် ၊ ဝါးကွပ်ပြစ် စသည့်တို့ကို ပြုလုပ်ပေးသော ပညာရှင်ဖြစ်သည် ။

လုစုန်းရှီက လုလင်းရဲ့ စတုတ္ထဦးလေး ဖြစ်သူ လုအန်းရဲ့သားဖြစ်ပြီး ဒီနေ့ ဘယ်ရီသီးကောက်ကြတဲ့ ကလေးများအုပ်စုထဲတွင် ပါသည် ။ လုအန်းပဲဖြစ်ဖြစ် ၊ လုစုန်းရှီပဲ ဖြစ်ဖြစ်သူတို့က လုလင်းကို လေ့လာနေကြတာဖြစ်သည် ။ လုစုန်းရှီက ကောဖြစ်တဲ့ ချန်းရှောင်မီဆီကို လက်ထပ်ဝင်မယ်ကြားရတဲ့အခါ ပိုပြီးရွံရှာသွားမိသည် ။ အမျိုးသားတစ်‌‌ယောက်ဖြစ်ပြီး ကောရဲ့မိသားစုထဲကိုလက်ထပ်ဝင်ရတာတဲ့။ အဓိပ္ပာယ်မရှိလိုက်တာ ။

လုလင်းရဲ့အမေ အသက်ရှိစဉ်တုန်းက လုထောင်နဲ့ လုစုန်းရှီရဲ့အမေ တို့က အနိုင်ကျင့်နေကြဖြစ်တာကြောင့် သူတို့က မီးဖိုချောင်ထဲမှာ အလုပ်မလုပ်ကြရပေ ။ လုလင်းရဲ့ အမေသေသွားတော့ သူတို့နှစ်ဦးလုံးက သူတို့တာဝန်ကို အချင်းချင်း လွှဲပေးနေကြသည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now