chapter -40-[ဘယ်ရီသီးအရိုင်းများကောက်ယူခြင်း]

2.7K 360 6
                                    

~ဘယ်ရီသီးအရိုင်းများကောက်ယူခြင်း~

အိမ်ထဲမှာကန့်သတ်ခံထားရတဲ့ကလေးတွေက နွေးထွေးလာတာနဲ့အမျှ ရွာထဲတွင် ပြေးလွှားဆော့ကစားနေကြသည် ။ တောင်ပေါ်မှာ စွန့်စားခန်းသေးသေးလေး လုပ်ရတာကို သဘောကျကျသည် ။ တောအတွင်းပိုင်းထိ မသွားရဲကြပေမယ့်လည်း တောင်ရဲ့အပြင်ဝိုင်း မှာ စူးစမ်းလေ့လာကြရင်း ပျော်ရွှင်နေကြသည် ။

မှိုတွေ ၊ ဝါးစို့မျှစ်တွေ ၊ အသီးရိုင်းတွေကို စုဆောင်းရတာကို နှစ်သက်ကြသည် ။

ရွာသားအများစု၏ ဆောင်းတွင်းကာလတွင်အစားအစာမလုံလောက်ခြင်းဖြစ်စဉ်မှာ ကလေးများလည်း အပါအဝင်ပင် ။ ထို့ကြောင့် ကလေးတွေက တောင်ပေါ်မှာ စားလို့ရသမျှ အရာတွေစုဆောင်းနိုင်ခြင်းကို ပျော်ရွှင်တာထက်ပိုကြသည် ။

ချန်းရှောင်ခိုင်နဲ့ ချန်းရှောင်မိုင်တော့ မပါဝင်ပေ။ သူတို့နှစ်ဦးက ဆောင်းရာသီအတွင်း လုလင်းရဲ့ အံ့မခန်း ချက်ပြုတ်ကျွေးမွေးမှုကြောင့်  အရပ်ပိုရှည်လာကာ ၊ ပိုပြီး သားနားလာကြသည် ။

လုလင်းက ဒီနေ့မှာ သူတို့အတွက် ပဲတောင့်တချို့ကို ကြော်ပေးလိုက်ပြီး ဝါးခြင်းတောင်းတွေကို ကိုင်ထားသည် ။

" ခိုင် ၊ မိုင်  .... တောင်ပေါ်ကနေ ဘယ်ရီသီးအရိုင်းတွေကို ကောက်ပေးဖို့ မင်းသဘောကျတဲ့ သူငယ်ချင်းနည်းနည်းလောက်ခေါ်လို့ရလား?  ငါ တစ်ခြင်းကို သုံးဆင့် ပေးမယ် ။ "

ချန်းရှောင်ခိုင်က မျက်မှောင်ကြုတ်ကာ -

" သုံးဆင့်က များလိုက်တာ ။ "

လုလင်းက ပြုံးကာ - " အဲ့ဒါက အဆင်ပြေပါတယ် ။ "

ချန်းရှောင်ခိုင် ခေါင်းရမ်းလိုက်ပြီး ပြောသည် ။

" သူတို့က ကျွန်တော်နဲ့ ပူးပေါင်းချင်ကြမှာမဟုတ်ဘူး ။ ဘယ်သူကိုမှ ခေါ်လို့ရမယ်မထင်ပါဘူး ။ "

လုလင်းက မျက်နှာထူထူဖြင့် -

" ခိုင် ၊ မင်းကအခု ကလေး မဟုတ်ဘဲ ကောင်လေးဖြစ်လာပြီနော် ။ မင်းလုပ်နိုင်ပါတယ် ။ ရှန်ချီကို မင်းနဲ့အတူအလုပ်လုပ်ရင်းကစားမယ့် သူငယ်ချင်းတချို့ကို ကူရှာခိုင်းပေါ့ ။ "

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now