chapter -38-[ကန်စွန်းဥ ဝိုင်]

2.6K 375 9
                                    

~ကန်စွန်းဥ ဝိုင်~

ဆောင်းရာသီမှာ ကျောက်ကြီးရွာတွင် ပထမဦးဆုံး နှင်းကျလာသည် ။

နှင်းကျတာနဲ့ အမဲလိုက်မှုရပ်တန့်ရန် လုလင်းသိမ်းသွင်းလိုက်ခြင်းအပေါ် ချန်းရှောင်မီအများကြီး မငြင်းခုန်တော့ပေ ။ သူအရင်က ဒူပေနာပေခံပြီး ကြိုးစားဖို့ကလွဲလို့ ရွေးချယ်စရာမရှိခဲ့ပေမယ့် အခုတော့ သူ့လက်ထဲမှာ ငွေပြားရှစ်ဆယ်ကျော်ရှိတာကြောင့် မဖြစ်မနေအပြင်းအထန် အလုပ်လုပ်ဖို့ မလိုအပ်တော့ပေ ။

" ငါတို့ခန်က အရမ်းကောင်းတာပဲ ။ "

ချန်းရှောင်မီ သူ့ကိုယ်သူ ဆောင်အောက်ထဲဝင်လိုက်ကာ ဟိုဘက်သည်ဘက် စတင်လှိမ့်တော့သည် ။

လုလင်း ချန်းရှောင်မီကို ဖြတ်ခနဲကြည့်လိုက်ကာ ချန်းရှောင်းမိုင်ဆီကနေ သင်ယူထားတာဖြစ်မယ်လို့ တွေးမိသည် ။ ချန်းရှောင်မိုင်က ခန်ပေါ်မှာ အမြဲပျော်ရွှင်စွာ လှိမ့်နေတတ်သည် ။

ချန်းရှောင်မီ စောင်အသစ်ကို ‌နမ်းလိုက်တဲ့အခါ သစ်လွင်မှုရဲ့ အနံ့‌ကိုရပြီး အိပ်ရာအသစ်က စွဲမက်စရာကောင်းနေသည် ။

ဆောင်းရာသီမှာ သူဘယ်လောက်ပဲ လုံနေအောင် ဆောင်အထပ်ထပ်ခြုံထားပါစေ အေးနေဆဲပဲဟု အမြဲခံစားနေရ‌ပြီး သူ့ညီလေးနှစ်ယောက်အတွက် စိုးရိမ်နေရသည် ။

' သူတို့အေးနေရင် ဘယ်လိုလုပ်မလဲ ။ '

' သမားတော်ခေါ်ဖို့မတတ်နိုင်ရင် ဘယ်လိုလုပ်မလဲ ။ '

သို့သော် ဒီနှစ်မှာ ခန်ရှိတာကြောင့် စိတ်အေးသွားရသည် ။ ဆောင်းရာသီအတွင်း စိုးရိမ်ထိတ်လန့်မှုဖြစ်မနေတာ ဒါ ပထမဆုံးအကြိမ်ဖြစ်သည်။ ဆောင်းရာသီဟာ လှပကြောင်းလည်း သူခံစားတတ်လာသည် ။

လုလင်း ပြတင်းပေါက်ကို ဖွင့်လိုက်တာနဲ့ ကောင်းကင်ပေါ်က နှင်းပြားလေးတွေဟာ ငှက်မွှေးအသင်္ချေလောက်ရှိပြီး ဝေ့ဝဲကျနေသည် ။

လုလင်း ‌ဗလုံးဗထွေး ရေရွတ်လိုက်သည် ။

" ဝိုး ... နှင်းတွေ ကျနေတာပဲ ။ "

ချန်းရှောင်မီ နှင်းတွေကိုကြည့်လိုက်ကာ -

" အရင်နှစ်တွေနဲ့တော့ ယှဉ်မရဘူး ။ လူပေါင်းများစွာ အေးခဲပြီး သေကုန်ကြတာ ။ ဒါပေမယ့် ရွာသားအများစုရဲ့ အိမ်မှာခန်တွေရှိလာတာကြောင့် ဒီနှစ်ကအများကြီးပိုကောင်းပါတယ် ။ "

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now