chapter -47-[လုတွေရဲ့ အိမ်တွင်း ပဋိပက္ခ]

1.9K 268 0
                                    

chapter -47-[လုတွေရဲ့ အိမ်တွင်း ပဋိပက္ခ]

" အဖေ ၊ ကျွန်တော် ပညာရှင်မုန့်စားချင်တယ် ။ ကျွန်တော့်ကို ဒီနေ့ နည်းနည်းဝယ်ကျွေးလို့ရမလား ။ "

လုစုန်းရှီ တောင်းဆိုလိုက်သည် ။ လုအန်းက သူ့နဖူးကိုပွတ်သပ်ကာ ပြောလိုက်သည် ။

" ငါ မင်းအတွက် တစ်ပိုင်း ဝယ်ပေးမှာမို့ အနားယူမယ့်အချိန်ကိုတော့ တစ်ယောက်တည်း လွတ်ထားပေးပါကွာ ။ "

လုစုန်းရှီ နှုတ်ခမ်းစူမိသည် ။

" အဖေ ၊ ကျွန်တော့် သူငယ်ချင်းတွေအားလုံးက အခု ချန်းရှောင်ခိုင်နဲ့ သူငယ်ချင်းဖြစ်သွားကြပြီ ။ သူတို့က ကျွန်တော်နဲ့ မပေါင်းကြတော့ဘူး ။ပြီးတော့ ချန်းရှောင်ခိုင်က သူတို့ကို ထုန်ယွမ်ဘောလုံးတွေ ကျွေးတယ်လို့လည်း ပြောနေကြတယ် ။ "

လုအန်း ထိုအကြောင်းကို ကြားလိုက်ရတဲ့အချိန်မှာ အလွန်ခါးသီးမိသွားသည်။  လုလင်းက သူတို့နဲ့တစ်မိုးအတူ နေထိုင်ခဲ့တဲ့အချိန်တွေတုန်းက ဂရုစိုက်မှုမရှိခဲ့ပေမယ့်လည်း သူရဲ့ နှေးကွေးပုံပေါက်တဲ့ တူလေး ကို အမြဲအထင်မြင်သေးစွာ ကြည့်ဖူးသည် ။

သို့သော် လက်ထပ်ပြီးသွားတဲ့နောက်မှာ လုလင်းဟာ ပြောင်းလဲသွားခဲ့သည် ။

လုအန်းက မြို့မှာအလုပ်လုပ်နေတာကြောင့် လုလင်းနဲ့ချန်းရှောင်မီတို့ မန်နေဂျာဝမ်နဲ့ လက်တွဲပြီး လုပ်ငန်းလုပ်ကိုင်နေတာကို သိသည် ။ သို့သော် ထိုလုပ်ငန်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာကို စပ်စုလို့မရခဲ့တာကြောင့် မန်နေဂျာဝမ် သူတို့ကို ငွေဘယ်‌လောက်ပေးလဲဆိုတာ မသိခဲ့ပေ ။ဒါပေမယ့် သူတို့ စားသောက်ဆိုင်ကို လာတိုင်း ငွေမြောက်များစွာရရှိမယ်ဆိုတာ သူတွေးကြည့်လို့ရသည် ။

လုထုန် ရောက်လာကာ -

" စုန်းရှီ ၊ နင်ဘာစားနေတာလဲ ။ "

လုစုန်းရှီက ပညာရှင်မုန့်ကို သူ့နောက်ကျောမှာ လျင်မြန်စွာ ဖွက်လိုက်သည် ။

အဖွားလုက လုချောင်ယုနဲ့ လုထုန်အပေါ် အမြဲတမ်း လွန်စွာအချစ်ပိုသည် ။ သို့သော် လတ်တလော အင်ပါယာစာမေးပွဲတက်ရောက်မယ့် လုချောင်ယုအပေါ် အဖွားလုက ပိုအာရုံစိုက်နေသည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now