Part-6

1.4K 76 3
                                    

Unicode

!အဲ့မိန်းကလေးရဲ့အကြည့်တွေကိုမကြိုက်ပါ မြွေမြွေချင်းခြေမြင်တယ်လို့ပြောရမလားပဲ သူ
မောင့်ကို ကြည့်တဲ့အကြည့်တွေကမရိုးသားတာ ကျွန်တော်သိတယ် ဒါပင်မဲ့ မောင်ဘက်ကမပါရင်ဘာမှမဖြစ်ဘူးလေ ကျွန်တော်မောင့်ကို ဘာမဟုတ်တာလေးနဲ့အထင်မလွဲချင်ဘူး မောင့်ကိုယုံကြည်မှုထားချင်တယ်... !

ဒီနေ့ဟာ Taehyungခရီးထွက်ရမဲ့နေ့ဖြစ်သည်။

"Tae...အစစ အရာရာ ဂရုစိုက်နော် မောင်ကျောင်းပိတ်ရင် လိုက်လာခဲ့မယ်..."

"အင်းပါ မောင်ရယ် မောင်လည်းဂရုစိုက်ပါ Taeစီကိုကအချိန်မရွေးလာလို့ရပါတယ်...."

"Taeရယ် မောင် Taeနဲ့မခွဲချင်သေးဘူးကွာ..."

Jungkookမှာ Taehyungခရီးသွားခါနီးကပ်ချွဲနေတော့သည်။

"မောင်ရယ် Taeလည်းမသွားချင်ပါဘူး ဒါပင်မဲ့ မသွားလို့မှမရတာမောင်ရဲ့ စက်ရုံကဆောက်မှရတော့မှာ ပစ္စည်းတွေကအကုန်ရောက်နေပြီ အလုပ်သမားတွေကလည်းမျှော်နေပြီ..."

"အင်းပါ Taeရယ်... မောင့်ကို ဖုန်းဆက်ဦးနော်..."

"ဆက်မှာပေါ့ မောင်ရဲ့ ရောက်တာနဲ့ဆက်လိုက်မယ်..."

"ကားကိုလည်းသေချာမောင်းခိုင်းဦးနော် မောင်ကစိတ်ချတာမဟုတ်ဘူး...ဖြစ်နိုင်ရင် မောင် ကားမောင်းပြီးလိုက်ပို့ပေးချင်တာ...."

"စိတ်ချပါမောင်ရယ် Taeတို့ဒါရိုက်ဘာက စိတ်ချရပါတယ်..."

Jungkookမှာ Taehyungခရီးထွက်ရမယ်ဆိုတော့ စိတ်မကောင်းဖြစ်နေမိသည်။ အခုသွားမဲ့ခရီးက လနဲ့ချီကြာမှာဆို၍ Taehyungကိုမသွားစေချင်။

"မောင် ....Taeမောင့်ကိုစိတ်ချမယ်နော် Taeမရှိတုန်းလိမ်လိမ်မာမာနေ ဘာသံမှ မကြားချင်ဘူး ..."

"အင်းပါ Taeရယ် စိတ်ချပါ... "

ခြံရှေ့ကားဟွန်းတီးသံကြား၍ Jiminရောက်လာပြီမှန်းသိလိုက်ရသည်။

"မောင်... Taeသွားပြီနော် Jiminလာခေါ်နေပြီ..."

"ခဏလေးTae မောင်ဖက်ထားချင်သေးလို့.."

Jungkookတစ်ယောက်Taehyungကိုယ်လေးကိုပွေ့ဖက်ပြီးအနမ်းတွေခြွေလိုက်သည်။

သူ့အတွက်ဖြစ်တည်မှုWhere stories live. Discover now