Part-8

1.2K 75 8
                                    

Unicode

Mariaတစ်ယောက် Jungkookအိမ်ကပြန်လာပြီး  သူ့ရဲ့ အကြံအစီမအောင်မြင်၍ဒေါသထွက်နေတော့သည်။ ရှိသမျှ ပစ္စည်းတွေကိုပေါက်ခွဲကာ ဒေါသဖြေလိုက်သည်။ 

"အား.....မုန်းလိုက်တာ အကိုJungkookရဲ့အချစ်ကိုဘာကြောင့်မရ ရတာလည်း...."

အရူးတစ်ယောက်လိုအော်ဟစ်ကာ တစ်ယောက်ထဲပေါက်ကွဲနေတော့သည်။

Jungkook မနက်ကျောင်းရောက်တော့Minhoနဲ့Subinကို လိုက်ရှာလိုက်သည်။ Minhoနဲ့Subinကို တွေ့တော့ Jungkookတစ်ယောက်ခြေလှမ်းကိုသွပ်သွပ်လျှောက်ကာ Minhoတို့ရှေ့မှာ ရပ်လိုက်သည်။ ပြီးနောက်....။

"ခွပ်...ခွပ်....ခွေးလိုကောင်တွေ မင်းတို့ငါ့ကိုချောက်ချတာပေါ့လေ.."

Minhoကိုဆွဲထိုးနေ၍ Subinက ဝင်ဆွဲတော့သည်။ Subinဝင်ဆွဲတော့Jungkookမှာ Subinကိုပါထိုးတော့သည်။

"ခွပ်...ခွပ်...မင်းလည်းပါတယ်...မင်းတို့တွေပေါင်းပြီး ငါ့ကိုလုပ်ကြံတာ..."

"Jungkook ငါတို့က မင်းကို ဘာလုပ်မိလို့ ငါတို့ကိုထိုးရတာလည်း..."

"ဘာလုပ်လို့လည်း ဟုတ်လား မင်းတို့အ​ကြောင်းငါမသိဘူးများထင်နေတာလား...မင်းတို့ ညက ငါ့ကို ဘာစောက်ချိူး ချိုးသွားတာလည်း ဟမ်...Mariaနဲ့ပေါင်းပြီး ငါ့ကိုဒုက္ခရောက်အောင်လုပ်တာမှတ်လား..."

"Jungkook မင်းပြောတာတွေ ငါတို့တစ်ခုမှ နားမလည်ဘူး...ငါတို့က Mariaနဲ့ပေါင်းပြီး မင်းကိုဘာလုပ်မိလို့လည်း..."

Jungkookမှာ Minhoတို့စကားကြားတော့ ခနဲ့တဲ့တဲ့ပြုံးလိုက်သည်။

"ဟက်....ငါကိုမင်းတို့က အချဥ်များထင်နေလား...မင်းတို့ဦးနှောက်လောက်နဲ့ ငါ့ကိုလာလိမ်
ဖို့မကြိုးစားနဲ့ မင်းတို့ကြောင့်ဆိုတာ ငါသိတယ်...အဲ့ဒါကြောင့် မနေ့က မင်းကောက်ခါငင်ကာ ထပြန်သွားတာကိုး...ဟိုကောင်Subinရောပဲ ခဏဆိုပြီးပြန်မလာတော့ဘူး... ဖုန်းပါစက်ပိတ်လိုက်တယ် မင်းတို့အကြံတွေ ဒါအကုန်ပဲလား..မင်းတို့ကလေ သူငယ်ချင်းလို့တောင်မခေါ်ထိုက်ဘူးသိလား.."

"Jungkook မင်းစိတ်လျော့ ငါတို့ရှင်းပြပါ့မယ် ငါတို့ကိုအထင်မလွဲပါနဲ့..."

သူ့အတွက်ဖြစ်တည်မှုWhere stories live. Discover now