Part-18

1.8K 79 11
                                    

Unicode

"ဆရာမ ကျွန်တော်သွေးကိုယူပါ ကျွန်တော်O သွေးပါ..."

Jungkookနဲ့ Han Soheeလည်း အသံလာရာကို လှည့်ကြည့်လိုက်သည်။

Jungkook သွေးလှူမယ်ပြောတဲ့ လူကို ကြည့်မိတော့ အံ့သြတုံလှုပ်သွားတော့သည်။

"မင်း..မင်း.."

ထိုလူက

"နောက်မှ မင်းနဲ့ငါ စာရင်း ရှင်းမယ် အခု ကလေးက အရေးကြီးတယ် ကလေးအသက်ကို ကယ်ရမယ်..."

ထိုလူက Jungkookကို ထိုသို့ပြောပြီး သွေးလှူဖို့လုပ်နေသည်။

Jungkookမှာတော့ နားမလည်နိုင်လွန်း၍ Han Soheeနဲ့ထိုလူကိုတစ်လှည့်စီ ကြည့်နေမိသည်။

Han Soheeမှာလည်း ခေါင်းကိုအောက်ငုံ့ချကာ ဘာအသံမှထွက်မလာသေး..။

!ဘာတွေလည်း နားကိုမလည်နိုင်တော့ဘူး ဘာတွေဘယ်လိုဖြစ်နေတာလည်း Soyarလေးက ငါ့ကလေးမဟုတ်ဘူးလား၊ ဒါဆို...ဒါဆို Soyarက ငါ့ကလေးမဟုတ်ရင် ဘယ်သူ့ကလေးလည်း... မဟုတ်မှ....!

Jungkook တွေးရင်း အသားတွေပါတစက်စက်တုံလာတော့သည်။ မျက်နှာတွေပါ နီရဲကာ Han Soheeကိုဒေါသမျက်လုံးတွေနဲ့ ကြည့်ပြီး...။

"Han Sohee မင်းငါနဲ့လိုက်ခဲ့စမ်း..."

Jungkookတစ်ယောက် Han Soheeလက်ကို စောင့်ဆွဲကာ သွေးလှူဌာနကနေ အပြင်ကိုခေါ်ထုတ်သွားသည်။

ဆေးရုံခေါင်မိုးထပ် ရောက်မှ Han Sohee လက်ကို လွှတ်လိုက်သည်။

"ကယ်...Han Sohee မင်းရှင်းပြစမ်းပါဦး ဘာတွေဘယ်လိုဖြစ်တာလည်း ငါ့ကို တစ်ခုမကျန်အကုန်ပြောပြစမ်း..."

Han Soheeမှာ ဘာမှ မပြောနိုင်သေး ငိုပဲ ငိုနေမိသည်။

"ဟင့်...ဟင့်...ဟင့်..."

Jungkookတစ်ယောက် စိတ်မရှည်တော့၍ Han Sohee ပုခုံးနှစ်ဖက်ကို ကိုင်လှုပ်ကာ ပြောလိုက်သည်။

"တိတ်စမ်း Han Sohee မင်းတို့ ငါ့အပေါ် ဘာတွေလုပ်ထားတာလည်း ပြောပြစမ်း ...Soyarကရော ငါ့ကလေးမဟုတ်ဘူးမှတ်လား... မင်းပါးစပ်ကပြောစမ်း..."

"ဟင့်...ဟင့်...ဟုတ်...ဟုတ်တယ်...Soyarက ရှင့်ကလေးမဟုတ်ဘူး..."

Han Soheeစကားအဆုံး Jungkook Han Soheeပုခုံးကို ကိုင်ထားတဲ့လက်တွေ ပြေလျော့သွားပြီး ခြေထောက်တွေပါထိုနေရာတင် ခွေယိုင်လဲဲကြတော့သည်။

သူ့အတွက်ဖြစ်တည်မှုWhere stories live. Discover now