Part-10

1.3K 70 1
                                    

Unicode

Han Soheeရဲ့ ကြိုးစားမှုက အံ့သြစရာကောင်းလွန်းသည်။ ခဏလေးအတွင်း စံပြဝန်ထမ်းပါဖြစ်လာသည်။ Han Soheeရဲ့ လုပ်ပုံကိုင်ပုံ ကိုလေးစားအတုယူရလောက်အောင်အထိဖြစ်လာရ၏၊ Han Soheeက သူမသိတာရှိရင် ချက်ချင်းမေးကာ အလုပ်တစ်ခုကို လုပ်တက်အောင်လုပ်သည်။ ထိုပုံစံကြောင့် Han Soheeရဲ့ ဂုဏ်သတင်းက ကျော်ကြားတာဖြစ်သည်။ အလုပ်လုပ်ရာမှာလည်း တိကျပျက်သားလွန်း၍ သူ့ကို မချီးကျူးပဲ မနေနိုင်ရလောက်အောင်ဖြစ်လာသည်။ တစ်ခြားကုမ္ပဏီများကပါ Han Soheeကို  သူတို့ကုမ္ပဏီမှာ လာလုပ်ဖို့ တိတ်တစိတ်ကမ်းလှမ်းလာကြတဲ့အထိပင်။ Han Soheeကတော့ ဝန်ထမ်းကောင်း ပြီပြီ အကုန်ငြင်းလွှတ်သည်။ Han Soheeအခုလို ခဏလေးအတွင်းစံပြဝန်ထမ်းဖြစ်လာတာကို ဝန်ထမ်းတစ်ချို့က မနာလိုကြပင်မဲ့ ၊ တစ်ချို့ဝန်ထမ်းတွေကတော့ Han Soheeကို လေးစားအတုယူကြသည်။

Jungkookကလည်း အခုဆို Han Soheeမှ Han Soheeဖြစ်နေတော့သည်။ သူဘယ်နေရာသွားသွား Han Soheeက အမြဲပါသည်။ တစ်ချို့အမြင်မှာ အတွင်းရေးမှူး မို့ Jungkookသွားရာပါတယ်လို့ သတ်မှတ်ကြပင်မဲ့ တစ်ချို့ အမြင်မှာ ကြပြန်တော့လည်း Jungkookနဲ့Han Soheeကို တိတ်တိတ်ပုန်း တွဲနေကြတယ်လို့ သမုတ်ကြသည်။

Taehyungက ထိုသတင်းတွေကို ကြားသိနေ ရပင်မဲ့ ဘာမှ မပြောခဲ့ ၊ သူJungkookကိုယုံကြည်သည်။ Jungkookဟာ သူ့အပေါ်  အဲ့လိုဖောက်ပြန်မဲ့ သူမျိုးမဟုတ်ဘူးလို့ ယုံကြည်ထားခြင်းကြောင့်ဖြစ်သည်။ Han Soheeလို အနေအေးတဲ့ လူမျိုးကလည်း ပိုင်ရှင်ရှိတဲ့ လူမျိုးကို ကပ်တွယ်မှာမဟုတ်ဘူးလို့ သူတွေးထားသည်။လူတွေရဲ့ ကောလဟာလ သတင်းကြောင့် သူ့ယောကျာ်းကို အယုံအကြည်မမဲ့ချင်ပါ၊ ပြီးတော့ Han Soheeလို စံပြဝန်ထမ်းကောင်းတစ်ယောက်ကိုလည်း ဘာမဟုတ်တဲ့ ကောလဟာလ သတင်းကြောင့် အဆုံးရှုံးမခံနိုင်၍ သူများပြောစကားတွေကို မျက်ကွယ်ပြုထားလိုက်သည်။

"Tae မောင်နဲ့ Han Soheeက သူများတွေထင်နေသလို ဘာမှမဟုတ်ဘူးနော်၊ Taeအထင်လွဲနေမှာဆိုးလို့ မောင် က ရှင်းပြတာ..."

Jungkookပြောတော့ Taehyungသဘောကျကာ ဟက်ဟက်ပက်ပက်ရယ်တော့သည်။

"မောင်ရယ် Taeက မောင်နဲ့ Han Soheeအကြောင်းကိုမေးနေလို့လား...Taeဖြင့် အဲ့ကိစ္စကို ခေါင်းထဲကို မထည့်တာ ၊ Tae မောင့်ကို ယုံကြည်တယ် ပြီးတော့ Han Soheeကိုရောပဲ ၊ Han Soheeက Taeနဲ့လည်း ဒီလောက်ရင်းနှီးနေတာ Taeအပေါ် အဲ့လိုလုပ်မဲ့လူလား၊ သူများတွေက မောင် Han Soheeကိုအရေးပေးလွန်းလို့ မနာလိုဖြစ်ပြီး ပြောတာ Taeနားလည်ပါတယ် မောင်ရယ်..."

သူ့အတွက်ဖြစ်တည်မှုWhere stories live. Discover now