Part-11

1.1K 73 4
                                    

Unicode

"Hello Jiminပြော..."

"အေး Tae ငါတို့မနက်ဖြန် နယ်က စက်ရုံကိုသွားရမယ်..."

"ဘာလို့လည်း Jimin..."

"နယ်က စက်ရုံမှာ ပြသနာဖြစ်လို့တဲ့ အဲ့ဒါ ငါတို့သွားဖြေရှင်းမှ ရမယ် .."

Taehyungစိုးရိမ်မိသွားသည်။ နယ်ကစက်ရုံက ဝန်ထမ်းတွေနဲ့ပဲ လွှတ်ထားရတာဖြစ်သည့်အတွက် အခုလိုပြသနာဖြစ်တော့ သူတို့မသွားလို့မဖြစ်။

"အေးပါ ဒါဆို မနက်ဖြန် သွားဖို့ ငါပြင်ဆင်ထားလိုက်ပါ့မယ်..."

Jungkookပြန်လာတော့ Taehyungလည်း သူ
မနက်ဖြန် နယ်ကိုသွားရမှာကြောင်း အကျိုးအကြောင်းပြောပြလိုက်သည်။

"ဒါဆို မနက်ဖြန် Taeက နယ်ကိုသွားရမှာပေါ့..."

"ဟုတ်တယ်မောင် Taeနဲ့Jimin မနက်ဖြန် သွားမှရမယ်... "

"အဲ့ဒါမှ ဒုက္ခ MK နှစ်ပတ်လည်ပွဲကလည်း တစ်ဘက်ခါဆို ရောက်ပြီ ဒါဆို Taeနဲ့မောင် တူတူမသွားရတော့ဘူးပေါ့..."

Jungkookပြောမှ Taehyungလည်း MK နှစ်ပတ်လည်ပွဲကို သတိရသွားသည်။

"ဟုတ်သားပဲ...MK နှစ်ပတ်လည်ပွဲရှိတာ Taeမေ့နေတယ်...ဒါပင်မဲ့ မောင်ရယ် နယ်ကစက်ရုံကိုလည်းမသွားလို့ကမရဘူး... MK နှစ်ပတ်လည်ပွဲကိုတော့ မောင်ပဲသွားလိုက်ပါတော့ ...."

Jungkook Taehyungနဲ့တူတူမသွားရဘူးဆို၍ စိတ်မကောင်းဖြစ်သွားသည်။

"အင်းပါ...Taeမှ မအားတာ ၊မောင် MK သူဌေးကို Taeမလိုက်နိုင်တဲ့အကြောင်းသေချာရှင်းပြလိုက်ပါ့မယ်...ဒါပင်မဲ့ Taeရယ် မောင် စိတ်မကောင်းဘူးသိလား မောင်က Taeနဲ့တူတူ ပွဲတက်ချင်တာ အခုတော့ Taeနဲ့တူတူပွဲမတက်ရတော့ဘူး..."

Jungkook မျက်နှာငယ်လေးနှင့် Taehyungရင်ခွင်ထဲဝင်ကာကပ်ချွဲလိုက်သည်။

"မောင်ရယ် Taeလည်း မောင်နဲ့တူတူပွဲတက်ခြင်တာပေါ့ ဒါပင်မဲ့ ဟိုမှာကလည်း မသွားလို့မှမရတာ မောင်ရဲ့..."

"ဟုတ်ပါပြီTaeရယ်...မောင်နားလည်ပါတယ်.."

"Tae ပြသနာတွေဖြေရှင်းပြီး မြန်မြန်ပြန်လာခဲ့မယ်နော်.."

"အင်းပါ Tae...."

####

Taehyungနဲ့Jimin နယ်က စက်ရုံကို ရောက်တော့ ဝန်ထမ်းတစ်ချို့ အလုပ်လုပ်ရင်း ထိခိုက်ဒဏ်ရာ ရလို့ ဆေးရုံတင်ထားရ၍ Taehyungနဲ့ Jiminမှာ တော်တော်လေးဖြေရှင်းနေရသည်။

သူ့အတွက်ဖြစ်တည်မှုWhere stories live. Discover now