Part-21

2.1K 97 4
                                    

Unicode

Jungkookကလုံးဝပျက်သားသည်။ Taehyungဘယ်လိုပဲပြောပြော Soyarကိုမွေးစားဖို့ လုံးဝခွင့်မပြုပါ။

Taehyungမှာလည်း ခေါင်းမာတဲ့ Jungkookကိုလုံးဝမနိုင်၊ နောက်ဆုံး Jiminတို့မွေးစားမဲ့ကိစ္စကိုပဲသဘောတူလိုက်သည်။

Yoongiကလည်း ကလေးမရှိ၍ Soyarလေးကိုမွေးစားဖို့သဘောတူလိုက်သည်။

Soyarကအခုဆို Yoongiနဲ့Jiminရဲ့သမီးလေးဖြစ်သွားပြီဖြစ်သည်။

"သားလေးရေ ကျောင်းမှာ Soyarကိုတွေ့ရင်စကားပြောနော်သားလေး၊ သားဒယ်ဒီစကားကိုနားယောင်ပြီ Soyarကိုအခေါ်အပြောမလုပ်ပဲ မနေပါနဲ့သားရယ်.."

Taehyung Taekookကိုပြောနေတဲ့စကားကို အနောက်ကနေ လက်ပိုက်ပြီး နားထောင်နေတဲ့ Jungkookကတော့ စိတ်တိုနေပြီဖြစ်သည်။

Taekookကို Jungkookက မှာထားသည်။ Soyarကိုကျောင်းမှာတွေ့လည်းအခေါ်အပြောမလုပ်ဖို့၊ စကားမပြောဖို့၊ အရောတဝင်မနေဖို့ မှားကြားထားခြင်းဖြစ်သည်။ Soyarမိဘတွေလုပ်လို့ သူတို့မိသားစု ဘယ်လိုတွေဝေးကွာသွားခဲ့ရကြောင်းကိုလည်း ထပ်ကာထပ်ကာပြောပြသည်။

ထို့ကြောင့်Taekookမှာ Soyarကို ကျောင်းမှာတွေ့လည်းအခေါ်အပြောမလုပ် ၊ မျက်နှာချင်းဆိုင်တွေ့ရင်တောင် တစ်ဖက်ကို လှည့်ထွက်သွားတက်သည်။

Soyarလေးအပေါ် ချစ်ခင်မှုမပျက်တာဆိုလို့ Taehyungတစ်ယောက်သာရှိသည်။ Taehyungကတော့ Soyarအတွက်  မုန့်တွေ ကစားစရာတွေ ၊အဝတ်အစားတွေ Jiminနဲ့အမြဲဝယ်ဝယ်ထည့်ပေးတက်သည်။ သို့ပင်မဲ့ Jungkookကြောင့် Soyarလေးကိုသွားတွေ့ခွင့်မရ။

"မခေါ်ချင်ပါဘူး ပါပါးကလည်း သူ့မိဘတွေကြောင့် သားသားတို့မိသားစု ဝေးကွာခဲ့ရတာ သားသားကတော့ ဒယ်ဒီပြောတာကိုပဲ နားထောင်မှာ ပါပါးပြောတာကို နားမထောင်ဘူး..."

Jungkook သူ့သားအဖြေကြောင့် စောနကတိုနေတဲ့စိတ်တွေ ချက်ချင်းပျောက်သွားသည်။

"ဒါမှ ငါ့သွေးသားပဲ သွေးက စကားပြောတယ်ဆိုတာ ဒါမျိုးပေါ့၊ ငါ့သားက ငါ့သွေးတွေ စီးဆင်းနေမှရမယ်၊ဟုတ်တယ်သား ဒယ်ဒီ ပြောတာတွေမမေ့နဲ့ Soyarကို ကျောင်းမှာတွေ့လည်း ခေါ်စရာမလိုဘူး ၊ ကိုယ့်ဘာကိုယ်နေ ၊ သူ့မိဘတွေ
ကြောင့်ဒယ်ဒီမှာ သားလေးမွေးတော့ မြင်တွေ့ခွင့်တောင်မရခဲ့ဘူး၊ သားလေးကရော ဒယ်ဒီရှိမှန်းတောင်မသိခဲ့ရဘူး မှတ်လား၊ အဲ့ဒါကြောင့် သူတို့မိသားစုကို မုန်းပါ ဒယ်ဒီကတော့ သူတို့မိသားစုကိုမုန်းတယ်.."

သူ့အတွက်ဖြစ်တည်မှုWhere stories live. Discover now