Part-7

1.2K 78 2
                                    

Unicode

Taehyungနဲ့ Jiminပြန်လာတော့ စားပွဲမှာ အသင့်စောင့်နေတဲ့ Jungkookနဲ့Yoongi။

"ဝါး....ဟင်း​တွေကအများကြီးပါလား အနံလေးကိုလည်းမွှေးလို့ ကိုကို လက်ရာကို လွမ်းနေတာနဲ့အတော်ပဲ Babyကတော့ ဒီနေ့ ဗိုက်ပေါက်ထွက်အောင်ကိုစားပြစ် မှာ..."

Jiminအပြောကြောင့် အကုန်လုံး ထရယ်ကြတော့သည်။

ထိုအိမ်လေးထဲမှာ ရယ်သံတွေနဲ့ ပြည့်နေပင်မဲ့ အိမ်တံခါးဝမှာ ရပ်ကြည့်နေတဲ့ BoGum မှာ တော့ ပါလာတဲ့ ပါဆယ် ထုတ်လေးကို ကိုင်ကာ လှည့်ထွက်သွားသည်။

BoGum အလုပ်ကိစ္စနဲ့ ဆိုးလ်ကိုသွားနေ၍ Taehyungတို့စီမရောက်ဖြစ်၊ ရောက်ရောက်ခြင်း Taehyungတို့အတွက် လက်ဆောင်ပါလာ၍ လာပေးခြင်းဖြစ်သည်။ အိမ်ထဲဝင်မယ်အလုပ် ရယ်
မောသံတွေနှင့် ပြည့်နေပြီး သူအချစ်ဦးရဲ့ သက်ဆိုင်သူက ရောက်နေ၍ သူလည်း အိမ်ထဲမဝင်ပဲ ပြန်ထွက်လာလိုက်သည်။

BoGumမှာလေးလံတဲ့ ခြေလှမ်းတွေနဲ့ အိမ်ပြန်လာလိုက်သည်။

"Tae...မောင်တို့လေ ကလေးတစ်ယောက်လောက်ယူကြရအောင်...."

"မောင်ရယ် ကလေးက လိုချင်တိုင်းရတာမှမဟုတ်တာ ...ပြီးတော့Taeက ယောကျာ်းလေးလေ ဘယ်လိုလုပ်ကလေးမွေးလို့ရမှာလည်း..."

"Taeကလည်းကွာ အခုခေတ်က ဆေးဝါးတွေပေါပါတယ် ဆရာဝန်နဲ့တိုင်ပင်ပြီး မောင်တို့ယူလို့ရတာပဲ..."

"မောင်ရယ် အခုက Taeမှာ အလုပ်တွေနဲ့လေ Taeဘယ်လောက် အလုပ်ရှုပ်လည်း မောင်သိနေတာပဲ ကလေးတစ်ဖက်နဲ့ဆို Taeဘယ်လိုအလုပ်သွားလုပ်မလည်း...."

Jungkook၊ Taehyungပြောတော့တွေဝေသွားသည်။

"Taeပြောတာလည်းဟုတ်ပါတယ်လေ....မောင်ကသာ တစ်ကောင်ကြွက် ဘဝနဲ့ နေလာရလို့ မိသားစုဆိုတာလေး ကိုဖန်တီးချင်တာ Taeဘက်က ပြန်ကြည့်ပြန်ရင်လည်းမှန်ပါတယ် အခုချိန်မှာ Taeတစ်ယောက်ပဲ တစ်အိမ်လုံးတာဝန်ကိုထမ်းထားရတာ မောင်အရမ်းလောဘကြီးသလိုဖြစ်သွားတယ်၊Taeရယ် မောင်တောင်းပန်ပါတယ်..."

Taehyungမှာ Jungkookအဲ့လိုပြောတော့ စိတ်မကောင်းဖြစ် မိသွားသည်။

Jungkookဘက်က ပြန်ကြည့်ပြန်ရင်မှန်သည်။ Jungkook ငယ်ငယ်ထဲက မိဘဆွေမျိုးညီကိုမောင်နှမ မရှိ ၍ Jungkookမှာ သူများမိသားစုတွေ တွေ့ရင် သူ့မှာ အမြဲအားကျခဲ့ရသည်။ Jungkook အသက်13နှစ်သားအရွယ်ရောက်မှ Yoongiတို့အိမ်ကိုရောက်လာခြင်းဖြစ်သည်။

သူ့အတွက်ဖြစ်တည်မှုWhere stories live. Discover now