Part-15

1.6K 78 4
                                    

Unicode

Jungkook တွေးရင်းပင်ရင်ထဲစို့နစ်လာသည်။

!Taeရယ် မောင့် အပေါ် Taeရဲ့အနစ်နာခံမှုတွေကများခဲ့ပါတယ် ...!

"ဒီမှာ ကျွန်မပြောတာကြားလား ကုမ္ပဏီတွေမှာ အလုပ်မရရင်လည်း အချိန်ပိုင်းအလုပ်တွေရှာလုပ်လို့..."

Jungkook Han Soheeကို စေ့စေ့ကြည့်ကာပြောလိုက်သည်။

"Han Soheeမင်းတရားလွန်မလာနဲ့ မင်းကိုငါ အိမ်ပေါ်ခေါ်တင်ထားတာက မင်းရဲ့အကြပ်ကိုင်မှုကြောင့်နော် မင်းကိုချစ်လွန်းလို့မဟုတ်ဘူး....ငါဘာငါအလုပ် လုပ်လုပ်မလုပ်လုပ် မင်းဝင်စွက်ဖက်စရာအကြောင်းမရှိဘူး..."

Jungkook စကားကြားတော့ Han Soheeဆွေ့ဆွေ့ခုန်တော့သည်။

"ဒါဆို ကျွန်မဗိုက်ထဲကကလေးကရော ဒီကလေးမွေးဖို့ ဖွားဖို့စရိတ်တွေရှိတယ်လေရှင်အလုပ်မလုပ်တော့ အဲ့ပိုက်ဆံတွေ ဘယ်ကရမှာလည်း..."

"အဲ့အတွက် စိတ်မပူနဲ့ မင်းကလေးမွေးရင် မင်းကိုငါ မွေးစရိတ်ပေးမယ်... ကလေးမွေးလာရင်လည်း ကလေးအတွက်လိုအပ်တာငါအကုန်လုပ်ပေးမယ် အခုတော့ မင်းငါ့ကိုဘာစကားမှ လာမပြောနဲ့ မင်းအသံလည်းမကြားချင်ဘူး မင်းရုပ်လည်းမမြင်ချင်ဘူး ငါ့ရှေ့ကအခုထွက်သွား..."

Han Sohee လည်း Jungkookကိုတောက်ခေါက်ကာ အခန်းထဲက ထွက်သွားတော့သည်။

Jungkook Han Soheeထွက်သွားမှ အရက်ကို ပြန်ကာသောက်နေလိုက်သည်။

-
-
-
-

#####

တစ်ဖြည်းဖြည်း လတွေလည်းအလီလီပြောင်းလဲကာ ခုနှစ်တက္ကရာဇ်တွေလည်းပြောင်းလဲလာခဲ့သည်။

!အခုဆို ဘာလိုလိုနဲ့ Taeထွက်သွားတာ5နှစ်တောင်ရှိခဲ့ပြီ ပဲ အရာရာဟာမနေ့တစ်နေ့ကလိုပါပဲTaeရယ် မောင်Taeကိုတစ်နေ့မှ မေ့မရခဲ့ပါဘူး...!

Jungkook  ပါးပြင်ကစီးကျလာတဲ့ မျက်ရည်တွေကိုလက်တစ်ဖက်နဲ့ယူကာသုတ်လိုက်ပြီး သောက်လက်စအရက်ခွက်ကိုမော့ချလိုက်သည်။

"ဒယ်ဒီ မီးမီးကို ဆံပင်လေး စီးပေးပါ.."

Jungkook အရက်သောက်နေတဲ့နား တလှုပ်လှုပ်နဲ့ပြေးလာကာ စကားမပီတစ်ပီနဲ့ပြောကာ သူ့ဆံပင်ကို လာစီးခိုင်းနေတဲ့ Soyarလေး

သူ့အတွက်ဖြစ်တည်မှုOù les histoires vivent. Découvrez maintenant