..သူခြယ်မှုန်းသော.. ဆေးပန်းချီ.. 🌿🌿🌿unizg

1.9K 99 2
                                    

...သူခြယ်မှုန်းသော..ဆေးပန်းချီ.. 🌿🌿🌿...
.....အပိုင်း (၁).....

"လုပ်ပါသူငယ်ချင်းရယ်..ငါ..ငါ့သားလေးကိုခနလေးပဲအပ်ထားခဲ့မှာပါ..."

"လက်ခံထားလို့ကရတယ်..ဆိုဂျွန်း..ငါပြောနေတာ..နင့်သားလေးအတွက်ပြောနေတာ..."

"ငါသိပါတယ်ဟာ.. ငါလည်း..ဟိုကိုခေါ်သွားဖို့ကအရမ်းကိုခတ်ခဲလွန်းနေလို့ပါ..ပီးတော့..ဟိုမှာအကို့အခြေနေက..ဘာမှန်းသေချာမသိရသေးတော့..ငါ..သားလေးကိုခေါ်သွားဖို့က..မဖစ်လို့..ငါနင့်ဆီကိုအားကိုးတကြီးနဲ့လာခဲ့တာပါ..ကျေးဇူးပြုပီး ငါ့သားလေးကို..ခေါ်ထားပေးပါနော်..ဆိုယွန်း..ငါ့ကိုကူညီနိုင်တာ..နင်တစ်ယောက်ထည်းရှိလို့ပါ..နောက်ပီး..ငါ့သားလေးကိုနင့်တို့ဆီမှာပဲစိတ်ချရလို့..ငါလာခဲ့တာပါ...ကူညီပါ..ဆိုယွန်းရာ..."

ပတ်ခ်ဆိုယွန်း..သက်ပြင်းမောကိုသာချလိုက်ပီး.သူငယ်ချင်းဖစ်သူ..ဆိုယွန်း ရင်ခွင်ထဲက..ကောင်လေးကို..ဂရုနာသက်စွာကြည့်လိုက်မိသည်..မျက်လုံးဝိုင်းဝိုင်းကြီးနဲ့ သူ့ကိုကြည့်နေတဲ့ကလေးငယ်လေးကအရမ်းကိုဖြူစင်လွန်းပါတယ်...ကလေးက..သူ့သားလေးမိုချီထပ်တော့ငယ်မည့်ပုံ..ကလေးငယ်ဆီကမျက်လုံးကိုလွဲပီးတာနဲ့..သူမ..ဘေးနားမှာထိုင်နေတဲ့ခင်ပွန်းဖစ်သူကို..တစ်ချက်ကြည့်မိလိုက်သည်..သူမ..အကြည့်ကိုခင်ပွန်းဖစ်သူက..နားလည်သည့်အလား.. ခေါင်းကိုသာငြိမ့်ပြလေသည်....။

"ကလေးက..အသက်ဘယ်လောက်ရှိပီလည်း..."

"သားလေးက.လာမည့်စက်တင်ဘာမှာ..နှစ်ပြည့်တော့မယ်၄...သားလေးနာမည်က..ဂျွန်ဂျောင်ဂု..ငါကတော့..သားကိုချစ်စနိုးနဲ့..ကူးလို့ခေါ်တယ်.."

"အော်..မိုချီလေးထပ်..နှစ်နှစ်ငယ်တာပဲ..ကဲပါ..နင့်သားလေးကို..ငါ့​ဆီစိတ်ချလိုက်ချသာထားခဲ့..နင်သာဟိုကိုလိုက်သွားဖို့ပြင်တော့..ငွေရေးကြေးရေးအခတ်ခဲရှိရင်လည်းပြော..အားမနာနဲ့..ငါအကုန်ကူညီပေးမယ်..."

"ကျေးဇူး..ကျေးဇူးတင်ပါတယ်သူငယ်ချင်းရယ်..အဟင့်ဟင့်.."

သူမမျက်ရည်များကြားက..ပြုံးမိပါသည်...
တကယ်တော့..သူမ..တို့သူငယ်ချင်းတွေကွဲကွာနေခဲ့တာ..၈နှစ်ကျော်၉နှစ်ရှိနေပါသည်..ခုလည်း သူမ..အရမ်းကိုခက်ခဲနေလို့သာ..ဆိုယွန်းဆီကို..အပြေးလာခဲ့သည်..ခင်ပွန်းဖစ်သူက..နိုင်ငံခြားကိုအလုပ်နဲ့ထွက်သွားသည်မှာ..သူမ. သားလေး..၃နှစ်ကတည်းက..အဆက်သွယ်ကရလိုက်ပျတ်သွားလိုက်နဲ့..သူမ..ကလေးတစ်ကောင်နဲ့အရမ်းကိုဒုက္ခရောက်ခဲ့ပါသည်..ခုလည်း ယောကျာ်း ဖစ်သူက..အက်ဆီးဒင့်ဖစ်တယ်ဆိုတဲ့သတင်းအကြောင်းကြောင်းလာတာကြောင့်..သူမ..ဟိုကိုလိုက်သွားရပေမည်....။

သူခြယ်မှုန်းသော.. ဆေးပန်းချီ... 🌿🌿🌿Where stories live. Discover now