8unizg

851 56 3
                                    

...သူခြယ်မှုန်းသော.. ဆေးပန်းချီ.. 🌿🌿..
.....အပိုင်း (၈).....

အမှားတစ်အခုအတွက်ကြောင့်..
သူနဲ့ဝေးသွားမယ်လို့ ကြိုတင်သိရှိခဲ့ရင်...
ထိုအမှားကို သူဘယ်တော့မှ လုပ်မည်မဟုတ်....။

🌿🌿🌿🌿🌿

"မင်းမျက်ရည်တွေသုတ်လိုက်တော့ အိမ်ရှေ့ရောက်​ေနပီ..မေမေမြင်ရင်စိတ်မကောင်းဖစ်နေလိမ့်မယ်...။

သူက အငိုသန်တဲ့လူတစ်ယောက်မဟုတ်ပေမဲ့  ခုဘာကြောင့်ငိုချင်နေမှန်းသူမသိ...။သူ့ကျောပြင်ကိုပုတ်ပေးနေတဲ့ကိုကို့ကိုမော့ကြည့်လိုက်ကာ...။

"ကို  ကိုကို.ဒီနေ့တတ်လာတဲ့သတင်းတွေကိုတွေ့ပီးပီလား.."

ထိုအမေးစကားကြောင့်..ဂျီမင်ူမျက်နာကွက်ခနဲပျတ်သွားရပါသည်..ဒါတွေအားလုံးရဲ့တရားခံကသူမဟုတ်လား..။

"အွန်း ငါတွေ့တယ်...ဘာမှလျှောက်မတွေးနဲ့..လာအိမ်ထဲကိုဝင်ကျရအောင်..."

သူကလေးငယ်လက်ကိုဆွဲကာ  အိမ်ထဲကိုဝင်လာလိုက်သည်...။အိမ်ထဲကိုရောက်ရောက်ချင်း.ဒေါသတကြီးသူ့တို့အနားကိုလျှောက်လာတဲ့ဖေဖေ..ပီးတော့ ဆုပ်ကိုင်ထားတဲ့ ကလေးငယ်လက်ကိုဆွဲဖြုတ်ကာ..သူ့ကိုဘေးဖတ်သို့တွန်းပစ်ကာ...ကလေးငယ်ကိုအားနဲ့ထိုးချလိုက်သည်...။

"ခွေးကောင် ခွပ်  ငါပြုစုပျိုးထောင်ခဲ့တာယောကျ်ားချင်းကြိုက်ဖို့မဟုတ်ဘူး..မင်းမရှက်ပေမဲ့ငါတို့ရှက်တယ်.မင်း.."

"ဖေဖေဘလိုလုပ်လိုက်တာလည်း..."

နောက်ထပ်ထိုးရန်ရွယ်နေတဲ့ဖေဖေ့လက်ကို..သူအတင်းဝင်ဆွဲကာ  လှဲကျနေတဲ့ ကလေးငယ်ရှေ့ကိုဝင်ကာရပ်ထားလိုက်သည်...။

"မင်းဘာမှမသိဘဲဝင်မပြောနဲ့..ဘေးဖယ်နေစမ်း..ဒီလိုကောင်ကိုဒီလိုဆုံးမမှတော်ကာကျမယ်...မင်းထပ်ကျောင်းတတ်ဖို့မကြံနဲ့..မင်းမိဘဆီမင်းလိုက်သွားဖို့တွေးထား..ငါ့အရိပ်မှာ..မင်းလိုကောင်စားမျိုးကိုအလိုမရှိဘူး...ညီမ..ဒီကောင်သူ့မိဘဆီလိုက်သွားဖို့ပြင်ဆင်ပေးလိုက်..."

ဂျီမင်းဖေ့ဖေ့စကားကြောင့်..သူ့ကမ္ဘာကြီးရပ်တန့်သွားသလိုခံစားလိုက်ရသည်..သူမစဥ်းစားမဆင်ခြင်လုပ်ခဲ့မိခြင်းရဲ့ အကြိုးရလဒ်က ဒီကလေးလေးနဲ့ဝေးရဖို့တဲ့လား..အမြဲတမ်းသူ့ကိုမျက်နာသာမပေးခဲ့တဲ့ကံကမ္ဘာကိုပဲအပြစ်တင်ရမလား..သူ့အတ္တတွေကိုပဲအပြစ်တင်ရမလား..။မေ​မေ့ကိုကြည့်တော့လည်း မျက်ဝန်းမှာရော ပါးပြက်ပေါ်မှာရော မျက်ရည်တွေအိုင်ထွန်းနေပီး..ပီးတော့ထိုကလေးလေး..ပေါက်သွားတဲ့နူတ်ခမ်းလေးကိုလက်ခုံနဲ့အုပ်ကာ မျက်လုံးလေးအပြူးသားငေးကြည့်နေတဲ့ပုံစံ...။

သူခြယ်မှုန်းသော.. ဆေးပန်းချီ... 🌿🌿🌿Where stories live. Discover now