18unizg

1K 66 4
                                    

...သူခြယ်မှုန်းသော ဆေးပန်းချီ.. 🌿🌿🌿...
.....အပိုင်း (၁၈).....

ကုတင်ပေါ်က ဆင်းကာ သူ့အောက်ပိုင်းကိုတဘတ်တထည်နဲ့ပတ်လိုက်သည်..။ပီးတာနဲ့ စားပွဲပေါ်ကအသင့်ရှိနေတဲ့စီးကရက်ဘူးနဲ့မီးခြစ်ကိုကောက်ယူကာ ဝရံကိုဂျောင်ဂုထွက်လာခဲ့သည်..။အကြောင်းပြချက်မဲ့စွာပဲကြယ်မရှိတဲ့ကောင်းကင်ကိုမော့ငေးမိသည် ပီးမှ ဆေးလိပ်ကိုမီးညှိ့ဖွာရှိုက်လိုက်သည်..။အဆုတ်ထိရောက်အောက်စီးကရက်ကိုဖွာရှိုက်လိုက်ပီး ခေါင်းမော့ကာ အငွေ့များကိုမှုတ်ထုတ်လိုက်သည်...။ခုချိန်ကသူဖစ်ချင်တာသူလုပ်ချင်တာတွေလုပ်ခဲ့ဖစ်ခဲ့ပီးပီးလေ သူပျော်နေရမဲ့အချိန်မဟုတ်လား.ဒါကိုဘာကြောင့် သူ့ရင်ထဲခဲဆွဲထားသလိုလေးလံနေရတာလည်း...။သူအနိုင်ရတော့မယ်ဆိုမှ ရင်ထဲကဘာတွေဖစိနေတာလည်း..။

"တောက်စ်..."

ကိုယ့်ဘာသာမကျေနပ်ဖစ်လာတာကြောင့်ဂျောင်ဂု သောက်လက်စ စီးကရက်ကိုဝရံတာဘောင်နဲ့ဖိချေပစ်ကာ အောက်သို့လွှင့်ပစ်လိုက်ပီး တတ်ခေါက်မိသည်...။စိတ်အလိုမကျတာကြောင့် ခေါင်ူကဆံပင်တွေကိုအပြစ်သားများလိုထိုးဖွပစ်မိသည်..။အသက်ကိုဝဝရှူသွင်းလိုက်ပီး သူအခန်းထဲကိုပြန်ဝင်ခဲ့သည်..။အခန်းထဲရောက်တော့ ကုတင်ပေါ်မှာ အပေါ်ကိုယ်ဗလာနဲ့လူ စောင်ကိုရင်ဘတ်ထိခြုံပေးထားပေမဲ့ ညှပ်ရိုးလေးတွေလည်ပင်းတွေမှာ အနီကွက်များက ဟိုတကွက်ဒီတကွက်နဲ့သူမြင်နေရသည်....။ဂျောင်ဂုမျက်နာကိုလွဲပစ်လိုက်ပေမဲ့ ဖစ်ပျတ်ခဲ့တဲ့ပုံရိပ်တွေက သူ့မျက်ဝန်းတွေထဲ ပြရုပ်တစ်ခုလိုတစ်ခုချင်းပေါ်လာခဲ့သည်..။

"ဟာကွာ တောက်စ် ဒုန်း ဘာဖစ်နေတာလဲ ငါဘာဖစ်နေတာလည်း တောက်စ် ဝုန်း  ဒုန်း.."

ကိုယ့်စိတ်ကိုဘာဖစ်ချင်နေတာမှန်းမသိတော့တာကြောင့် အခန်းထဲကပစ္စည်းတွေကိုဝုန်းဒိုင်းကြဲပစ်ပေါက်ခွဲလိုက်သည်..။စိတ်ထဲရှိသမျှ ပစ္စည်းတွေ အကုန်ပေါက်ခွဲလို့ဝမှ ကုတင်ပေါ်ကို တစ်ချက်လှမ်းကြည့်မိသည်..။ဒီလောက်သူသောင်းကျန်းနေတာကို ဟိုလူက တုတ်တုတ်မျှမလုပ်...။စိတ်ကဟိုလူကိုစိုးရိမ်သွားပေမဲ့ မျက်နာလွဲပစ်ပီး ရေချိုးခန်းထဲကိုသာဝင်လာခဲ့သည်...။

သူခြယ်မှုန်းသော.. ဆေးပန်းချီ... 🌿🌿🌿Where stories live. Discover now