12unizg

939 67 4
                                    

...သူခြယ်မှုန်းသော.. ဆေးပန်းချီ.. 🌿🌿🌿...
....အပိုင်း (၁၂)....

"အား ကျွတ်ကျွတ်..."

ဂျီမင်း သတိရရချင်း ဇတ့်ပိုးကတအားနာနေတာကြောင့်ခနမျှငြိမ်သက်နေလိုက်ရသည်..ညကဘာတွေဖစ်ခဲ့လည်း သူပြန်စဥ်းစားရသည် ခြံထဲကိုလူဝင်နေတာကြောင့် သူထိုလူအနားကိုအသွား ရောက်ခါနီး သူ့ကိုနောက်ကရိုက်ချခြင်းခံလိုက်ရတယ်..ဒီထိသူပြန်အမှတ်ရတာကြောင့် အိပ်နေရာကနေ ဝုန်းကနဲထလိုက်ပီသညအ..ထိုအခါမှခေါင်းက ပိုမူးနောက်သွားရပီး..အိပ်ယာပေါ်ပြန်ကျသွားပြန်သည်...။

"အော်တော်..သား သတိရလားပီလား..ဖြေးဖြေးထမှပေါ့ကွယ်....နေလို့သာရဲ့လားသား ခေါင်းတွေမူးနေသေးတာလား..."

မေမေဝင်လာတာမြင်ကာမှ ဂျီမင်းဖြေးဖြေးချင်းထကာ မေမေ့ရင်ခွင်ဆီကိုတိုးဝင်ဖက်ထားလိုက်မိသည်..။မေမေကသူ့ဆံပင်လေးတွေကို ချစ်စနိုးဟန်နဲ့ဖွဖွပွတ်သပ်ပေးနေသည်...။

"မေမေ.."

"ပြောလေသားရဲ့..."

"ညက အိမ်ထဲကိုလူဝင်နေတယ်.အ့ဒါသားက ဖမ်းမလို့ဟာ သားနောက်ကနေအရိုက်ခံလိုက်ရတယ် ပီးတော့ သားကဘာလို့အခန်းထဲပြန်ရောက်နေရတာလည်း အချိန်ကရောဘယ်ချိန်ရှိပီလည်းမေမေ.."

"သားရယ် ဖြေးဖြေးမေးပါ မေမေတစ်ခုချင်းပြောပြပါ့မယ် စိတ်ကိုအေးအေးထားနော် အိမ်ထဲကိုလူဝင်တာမဟုတ်ဘူးသား ဧည့်သည်ရောက်နေတာ..ပီးတော့သားတစ်ညလုံးသတိမေ့ရာကနေ အိပ်ပျော်သွားတာခုမိုးလင်နေပီ..."

"ဗျာ..မိုးလင်း​နေပီ..ပီးတော့.ဧည့်သည်.ဟုတ်လား ဘယ်ကဧည့်သည်လည်းမေမေ သားလည်းမသိရပါလား.."

"ဟုတ်တယ် သား အရင်းနှီးဆုံးလူတစ်ယောက်နဲ့ပါလာတဲ့ဧည့်သည်ကိုသားကသူခိုးထင်ပီးရိုက်တော့..သူ့ဧည့်သည်ကို ကာကွယ်တဲ့အနေနဲ့သားကိုရိုက်လိုက်ရတာပေါ့.."

"မေမေ သားမေမေပြောတာတွေသိပ်နားမလည်ဘူး.သားကိုသေချာရှင်းပြပေးပါလား..."

"ကူးငယ်လေးပြန်ရောက်နေပီသား.."

မေမေ့စကားကြောင့် ဂျီမင်းမေမေ့ရင်ခွင်ထဲကထွက်ကာ တအံ့တသြမေမေ့ကိုမော့ကြည့်မိသည်..ပီးနောက်သူ့မျက်ဝန်းမှာငွေ့ရည်တွေဖွဲ့သီလာခဲ့သည်..။သူတွေ့ချင်နေတဲ့ကလေးငယ်ကို..သူပြန်တွေ့ရတော့မယ်ပေါ့..သူဆန္ဒကပြည့်ဝတော့မယ်ပေါ့..။တစ်ဆက်ထည်းတွေးမိတာက သူ့ကိုစစတွေ့တွေ့ချင်း နာကျင်အောင် ထိုကလေးလေးကလုပ်ပြန်တာပေါ့..။အတွေးများနဲ့အတူ မျက်ဝန်းတွေကိုပိတ်ချလိုက်ကာ ပူနွေးတဲ့ငွေ့ရည်တွေကို.ပါးပေါ်ကိုဆင်းကျခွင့်ပေးလိုက်သည်..။

သူခြယ်မှုန်းသော.. ဆေးပန်းချီ... 🌿🌿🌿Where stories live. Discover now