22unizg

1.1K 70 3
                                    

"ဟင် "

ရောက်လာပြန်ပီ ဒီပန်းခင်းကြီးထဲ.အမြဲဘာလို့သူဒီပန်းခင်းကြီးထဲက ရုန်းမထွက်နိုင်ခဲ့ရတာလည်း...။လေနဲ့အတူပါလားတဲ့နေကြာပန်းရနံ့သင်းသင်းလေးတွေက ဘာလို့သူ့ရင်ထဲထိ စွဲကျန်နေခဲ့ရတာလည်း..။ထိုစဥ်မှာပဲ နေရောင်ပျောက်သွားပီး အမှောင်ရိပ်တွေကချက်ချင်းပြောင်းလာခဲ့သည်...။ပန်းခင်းအလယ်မှာ ဂျီမင်းတစ်ယောက်ထဲရှိတာမို့ ကြောက်လန့်လာမိတာတော့အမှန်  ထိုပန်းခင်းထဲကထွက်ရန် လမ်းကြောင်းရှာမိတော့လည်း..သူ့ဘေးပတ်ပတ်လည်မှာ နေကြာပန်းတွေကြည့်ဖစ်နေသည်..။ဂျီမင်း နေကြာပန်းပင်လေးတွေကိုတိုးဝှေ့ရင်း လမ်းရှာနေမိသည်....။

"ဂျီမင်း  ...."

"ဟင်.."

ရုတ်တရပ် ကြားလိုက်ရတဲ့အသံကြောင့် ဂျီမင်းတိုးဝှေ့သွားနေတဲ့ခြေလှမ်းများရပ်တန့်သွားရသည်..."

"ဂျီမင်း.. "

ထပ်မံကြားလိုက်ရတဲ့အသံကြောင့် လှည့်ကြည့်မိတော့....။

"ဂျောင် ဂျောင်ဂု မင်း မင်းဘာလို့ ငါ့နောက်လိုက်ခဲ့ရတာလည်း..."

ကလေးမျက်နာလေးနဲ့.သူ့ကိုကြည့်နေတဲ့ဂျောင်ဂု့မျက်ဝန်းတွေက စူးရဲနေသည်....။
သူ့ကိုစူးစိုက်ကြည့်နေတဲ့ဂျောင်ဂုမျက်ဝန်းတွေကစူးရဲနီထွေးနေသည်...ထိုမျက်လုံးကအကြည့်​တွေကြောင့် ဂျီမင်းခြေလှမ်း​တွေတဖြေးဖြေးနဲ့နောက်ကိုဆုတ်လိုက်မိသည်....။သူ့နည်းတူစွာ ဂျောင်ဂုခြေလှမ်းတွေကလည်းတိုးကပ်လိုက်သည်....။

"မလာနဲ့ ငါ့အနားကိုမလာနဲ့..."

တဖြေးဖြေး...နဲ့ကလေးပုံစံလေးကနေ လူကြီးပုံစံ
ပြောင်းလဲလာတဲ့ဂျောင်ဂုပုံရိပ်တွေကြောင့် ဂျီမင်းနောက်ကိုပြန်လှည့်ပြေးခဲ့မိသည်...။

"ဟင့်အင်း မလိုက်ခဲ့နဲ့ ငါ့နောက်ကိုမလိုက်ခဲ့ပါနဲ့...."

မက်ခဲ့ဖူးတဲ့အိမ်မက်တွေထဲမှာ သူကသာဂျောင်ဂုကိုပြေးလိုက်ခဲ့ရသည်..။ယခုမှာ​တော့ သူ့ကရှေ့ကပြေး ဂျောင်ဂုကနောက်ကလိုက်နေရသည်...."

"အဟားဟားဟားဟားဟား လွတ်မယ်လို့ထင်လား ပြေးစမ်း လွတ်အောင်ပြေးစမ်း...."

သူခြယ်မှုန်းသော.. ဆေးပန်းချီ... 🌿🌿🌿Where stories live. Discover now