24unizg

1.1K 65 6
                                    

"ဗျာ အကို အကိုဘာပြောလိုက်တာလည်း...."

ဂျောင်ဂု ဟိုဆော့ စကားကြောင့် သူကိုတွဲထားတဲ့လက်တွေကိုဖြုတ်ချရင်း မယုံနိုင်သလိုကြည့်မိသည်....။

"ဟုတ်တယ် ဂျီမင်း ရှိတဲ့နေရာကိုငါသိတယ် အေး ငါကိုယ်တိုင်ပဲဂျီမင်းလေးကို အေးချမ်းတဲ့နေရာလေးမှာပဲနေစေချင်လို့ တမင်မင်းတို့နဲ့မတွေ့ရအောင် ငါအဝေးဆုံးမှာထားခဲ့တာ..."

ဂျောင်ဂုကြားနေရတဲ့စကားတွေကို သူမကြားသလိုဖစ်နေသည်..။အံ့လည်းအံ့သြမိပါသည် သူရှာနေတဲ့တစ်နှစ်အတော့အတွင်း အကိုဟိုဆော့ကသူ့ဘေးနားမှာတချိန်လုံးရှိနေခဲ့တာလေ...။

"ဘာလို့လဲ ဘာလို့အကို ခုလိုလုပ်ရပ်ရတာလည်း ကျွန်တော်ဂျီမင်းကိုဘလောက်ထိရှာနေခဲ့လည်း ဘယ်လောက်ထိခံစားနေရလည်း အကိုသိရက်နဲ့ ဘာလို့ ခုလိုလုပ်ရက်ရတာလည်း အကို ပြောပါ ကျွန်တော်ရူးမတတ်ခံစားနေတဲ့အချိန် အကိုကတမင်ကြည့်နေခဲ့တာလား..ပြောပါ အကိုပြောပါ.."

ဂျောင်ဂုအရုးတစ်ယောက်လို့ ဟို​ဆော့အကျ်ီရင်ဘတ်စတွေကိုဆုပ်ကိုင်ကာမေစလိုက်သည်....။မယုံနိုင်ဘူး အကိုကသူ့အပေါ်ခုလိုလုပ်ရက်မယ်လို့ မထင်ခဲ့တာအမှန်ပင်....။

"အဟက် မင်းမို့ငါ့ကိုမေးရဲတယ်နော် မင်းလုပ်ခဲ့တဲ့လုပ်ရပ် မင်းချနင်းခဲ့တဲ့သူနှလုံးသား မင်းကြောင့် မိဘနောက်ဆုံးအချိန်မှာ​တောင်သူအနားမှာမရှိနိုင်ခဲ့တာလေ ခုရောသူဘာဖစ်နေတယ်ထင်လည်း ဟမ် မင်းပြောကြည့်လေ... "

သူ့ကို မထိတရိကြည့်ကာမေးနေတဲ့ဟိုဆော့စကားတွေကိုမဖြေနိုင်.. ။တစ်ခါမှမမြင်ဘူးတဲ့လူတစ်​ေယ​ာက်လိုသူငေးကြည့်နေမိတာ​တေ့အမှန်ပင်...။

"ဘေးလူဖစ်တဲ့ငါ​တောင် ခုလိုခံစားနေရရင် ကာယံကံရှင်ဖစ်တဲ့ ဂျီမင်းဘလောက်ထိ ခံစားခဲ့ရလည်းမင်းသိလား မင်းအတ္တ မင်းအငြိုးတွေကြောင့် သူ့ဘဝတစ်ခုလုံးစုတ်ပျတ်သတ်သွားခဲ့တာလေ အေး မင်းရဲရဲသာနားထောင် ငါပြောပြမယ် ဂျီမင်းခုဘာမှမမြင်ရတဲ့မျက်မမြင်ဘဝကိုရောက်နေပီ အ့တာအားလုံးမင်းကြောင့် အရာအားလုံးမင်းကြောင့် ဂျွန်ဂျောင်ဂု မင်ကြောင့်....."

သူခြယ်မှုန်းသော.. ဆေးပန်းချီ... 🌿🌿🌿Where stories live. Discover now