2unizg

1.2K 78 0
                                    

....သူခြယ်မှုန်းသော.. ဆေးပန်းချီ.. 🌿🌿🌿..
   ...အပိုင်း.(၂)...

"တီတီမေရေ..တီတီမေ.."

"ရှင့်..ကူးငယ်လေစ..တီတိမေ..ဒီမှာ...:"

ဆိုယွန်း  ခြံထဲမှာ  ပျိုးပင်လေးတွေမြေဖွပေးနေတုန်း..သူ့ကို.တကြော်​ကြော်ခေါ်နေတဲ့  ကူးငယ်လေးကြောင့်..သူမ အသံပေးလိုက်ရသည်..ကူးငယ်လေးက..သူမကိုမေမေလို့ခေါ်ခိုင်းတာပေမဲ့..ကူးငယ်လေးကတီတီမေလို့သာ..ခေါ်ခဲ့ပါတယ်..ခုလည်း..သူ့မအသံပေးလိုက်တော့မှ..သူမဆီကိုပြေးလာနေတဲ့..ကလေးငယ်လေးကြောင့်..သူမ.နှစ်ခြိုက်စွာပြုံးမိပါသည်...လက်တစ်ဖတ်မှာ..စာအုပ်ကိုကိုင်လျက်..တစ်ဖတ်မှတော့..ခဲတံလေးတစ်ချောင်း..ကူးငယ်လေးကို..သူမတွေ့လိုက်..ကြည့်လိုက်တိုင်း..ဒီအရာနှစ်ခုပါ..တွဲတွေ့ရသည်.....။

"ဖြေးဖြေးပြေးလာပါ..ကူးငယ်လေးရယ်..မတော်ချော်လဲမှဖြင့်..တီတီမေရင်ကျိုးရချေရဲ့ကွယ်..."

"ဟီး..တီတီမေကလည်း..ကူးက လူကြီးဖစ်နေပါပီ..မချော်ကျတော့ပါဘူး.."

"ဟွန့်  အတတ်ကလေး  ကဲ ပြပါဦးဘာပုံတွေဆွဲထားတာလည်း..."

အေးအေးဆေးဆေးနေတတ်တဲ့ကလေးငယ်လေး..ခုလိုစကားတတ်ပြန်တော့..သူမအသည်းယားရပြန်သည်...သူမ ကူးငယ်လေး  နှာခေါင်းလေးကို အသာဆွဲလိုက်ပီး လက်ထဲက စာအုပ်လေးကိုယူကြည့်လိုက်သည်..သူတစ်ခုခုဆွဲပီးတိုင်း  ခုလိုအပြေးလေးလာပြတတ်တဲ့အကျင့်လေးကကြောင့်..သူမ အချစ်ပိုရပေသည်...။

"ဒါကဖေဖေနဲ့မေမေ..ဒါကတီတီမေနဲ့ဦဖေ..ဒါက.ကူးလေ..ဟီး.."

သူမ ပုံလေးကိုကြည့်ပီး..ကြည်နူးရပေသည်..ဟိုဘက်..ဒီဘက်..အဖေတွေအမေတွေကို..ဆွဲထားပီး..ကူးငယ်လေးက..သူ့မေမေလက်ကိုတစ်ဖတ်..သူမ လက်ကိုတစ်ဖတ်ဆုပ်ကိုင်ထားခြင်းပေ...။

"တီတီမေတို့ပါတာကဟုတ်ပါပီ..ကူးကိုကိုပုံရော.မပါဘူးလား.."

သူမ. အမေးကိုကူးငယ်လေးက..အလိုမကျသလိုမျက်မှောင်ကြုံပီး..ခေါင်းကိုခါပြသည်.....။

"ကူးက.တီတီမေနဲ့ဦးဖေကိုပဲချစ်တာ.အ့ကိုကိုမှမချစ်တာ.အ့ကြောင့်ကူးကမဆွဲထားတာ..."

သူခြယ်မှုန်းသော.. ဆေးပန်းချီ... 🌿🌿🌿Where stories live. Discover now