✿...
လေညှင်းတွေဖြည်းညှင်းစွာတိုက်ခတ်ပြီး
ေနသာနေတာကြောင့်
ရာသီဥတုဟာကောင်းသည်ဟုဆိုရမည်...။
ထိုကြောင့်သစ်ပင်ရိပ်အောက်မှာ
ကင်မ်စာအုပ်လာဖတ်နေမိသည်...။
ကင်မ်သည်အသက်အားဖြင့် ၁၃နှစ်မျှသာရှိသေးသော်လည်း
စာပေလိုက်စားသည့်ကောင်လေးတစ်ယောက်ဖြစ်သည်...။
ကင်မ်ဟာမျိုးရိုးနိမ့်မိသားစုကနေလာပြီး
ငယ်စဉ်ကတည်းကမိဘတွေကလည်းမရှိတော့တာကြောင့်
ကင်မ်ဟာမိဘမဲ့တစ်ကောင်ကြွက်ဖြစ်သည်...။
အဲ့ဒါကြောင့်ဒီအိမ်ေတာ်မှာလက်တိုလက်တောက်အခိုင်းခံ
ကောင်လေးဖြစ်သည်...။
ကင်မ်ဟာသူ့ကိုဘာပဲခိုင်းခိုင်းသူဟာအကောင်းဆုံးလုပ်တာကြောင့်
သခင်မကြီးကတောင်သဘောကျရသည့်ကောင်လေးဖြစ်သည်...။
ကင်မ်ဟာလိမ္မာရေးခြားလည်းရှိကာ
လူမှုေရးလည်းကောင်းပြီး
စာပေလည်းလိုက်စားတာကြောင့်
လူတိုင်းကသူ့ကိုဆိုချစ်ကြခင်ကြသည်...။မနက်ပိုင်းအလုပ်တွေလုပ်ရမဲ့အချိန်ဆိုလုပ်ပြီး
နေ့ခင်းဘက်အခုလိုမျိုးအားတဲ့အချိန်တွေဆို
သူတစ်ယောက်တည်းအခုလိုတိတ်ဆိတ်တဲ့နေရာမှာစာအုပ်
လာလာဖတ်ဖြစ်သည်...။
ထိုရပ်ဝန်းလေးကတိတ်ဆိတ်လွန်းတာကြောင့်
သူနားထဲမှာလေတိုးသံတွေကလွဲပြီးဘာမှမကြားရ...။
သူကတိတ်တိတ်ဆိတ်ဆိတ်နေရတာကြိုက်တာမို့
အခုလိုတိတ်ဆိတ်နေတာမျိုးကသူ့ကိုအတော်လေး
နေရထိုင်အဆင်ပြေစေသည်...။"ကင်မ်ရေ..ကင်မ်!!"
တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သည့်အသံကြောင့်
ကင်မ်ခေါင်းမော့်ကြည့်မိတော့
အစ်မအယ်လီနာကပြေးလာကာသူ့ကိုခေါ်နေသည်...။"အစ်မအယ်လီဖြေးဖြေးလာပါဗျာ..."
သူစိတ်ပူကာပြောမိသည်...။
အစ်မအယ်လီနာကအသက် ၂၀ကျော်ပြီဆိုပေမဲ့
အခုထိကလေးဆန်နေတုန်းပင်...။
ပြီးတော့...အလုပ်လုပ်ရင်လည်းရှက်ပြာရှက်ပြာနဲ့မို့
အိမ်တော်ထိန်းကြီးဆူတာခနခနခံနေရသူပင်...။"လာလို့မရဘူးကင်မ်ရေ..."
အနားကိုရောက်အောင်ပြေးလာပြီးသူ့ကိုကြည့်ရင်းခါးကိုထောက်ကာ
ဟောဟဲဟောဟဲဖြင့်အမောဖြေနေသည့်
အစ်မအယ်လီနာကြောင့်သူရယ်မိသွားသည်...။