<၄>

105 17 18
                                    

✿...
နေ့လည်ခင်းတစ်ခုမှာလည်းကင်မ်တစ်ယောက်
ထုံးစံအတိုင်းသစ်ပင်အောက်‌ေလးမှာတစ်ယောက်တည်း
စာလာဖတ်နေလေရဲ့...။
သို့သော်..သူစာတစ်မျက်နှာကိုဖတ်နေသည်မှာ
နာရီဝက်ပင်ပြည့်တော့မည်...။
သူမျက်လုံးတို့ဟာစာရွက်တွေပေါ်မှာရှိနေသော်လည်း
စိတ်အစဉ်ဟာတော့သခင်လေးဆီသာရောက်နေသည်...။

ဟိုတစ်နေ့ညနေမြို့ထဲကပြန်လာတည်းကသခင်လေးက
သူ့ကိုစက်ဘီးပြန်ပေးခဲ့ကာစကားနည်းနည်းသာ
ပြောပြီးပျောက်သွားတာအခုထိမတွေ့သေး...။
သူ့ကိုရှောင်နေသလားဘာလားတော့သူမသိ...။
သူလည်းစဉ်းစားမရဖြစ်နေရသည်...။
သခင်လေးကသူ့ကိုပဲသဘောကျနေသည်လား...။
ဘာလား...။
သူလည်းဘယ်လိုမှမတွေးတတ်တော့...။
ညတိုင်းလည်းဒီ‌အကြောင်းကိုသာတွေးနေမိတာကြောင့်
ကောင်းကောင်းတောင်အိပ်မပျော်ခဲ့ရ...။

စာအုပ်ထဲလည်းစိတ်မရှိတာကြောင့်
စာအုပ်ကိုပိတ်ပစ်လိုက်သည်...။
ပြီးတော့..လက်ကိုငုံ့ကြည့်မိလိုက်သည်...။
ပတ်တီးဖြေပြီးသွားပြီမို့
ပိုပြီးလွတ်လွတ်လပ်လပ်နေလို့ကောင်းသွားသလို...။

သူလည်းစာအုပ်ကိုကိုင်ကာသစ်ပင်အောက်ကနေ
ပြန်ထွက်လာလိုက်သည်...။
ပြီးတော့..ဘာမှလုပ်စရာမရ‌ှိသည်မို့အခန်းထဲသာ
ပြန်ဝင်နေလိုက်သည်...။
စာအုပ်ကိုစင်မှာသိမ်းလိုက်ကာကုတင်ပေါ်မှာခနလောက်
လှဲနေလိုက်သည်...။
ခနနေတော့..သူ့တံခါးကိုလာခေါက်သည့်တံခါး‌ေခါက်သံကြောင့်
သူငေါက်ခနဲထထိုင်လိုက်ကာ
ဘယ်သူမှန်းသိရအောင်တံခါးသွားဖွင့်ပေးလိုက်သည်...။

"ဘယ်သူပါ-ဟင်..သခင်လေး..."

သူ့အခန်းတံခါးရှေ့မှာသခင်လေးကိုမြင်လိုက်ရတာကြောင့်
သူအံ့ဩသွားရသည်...။

"သခင်လေးက..ဒီကိုဘယ်လို..."

"ကင်မ်မှငါ့ဆီမလာပဲ..အဲ့တာကြောင့်ငါပဲလာခဲ့တာ..."

သခင်လေးဟာဆူပုတ်ပုတ်လေးပြောလာသည်...။
တကယ်ဆို..သူပဲပျောက်နေပြီးတော့...။

"မလာတာမဟုတ်ပါဘူးနော်..သခင်လေးကိုတွေ့မှမတွေ့ပဲ
ကျွန်တော်ကသခင်လေးကျွန်တော့်ကိုရှောင်နေတယ်တောင်
ထင်သွားတာ..."

သခင်လေး(သို့မဟုတ်)ကိုကိုWhere stories live. Discover now