✿...
နောက်တစ်နေ့ကင်မ်သတိရလာတော့
သူ့အခန်းထဲမှာမဟုတ်နေ...။
ခေါင်းကလည်းကိုက်နေသည်မို့
ဒဏ်ရာအတော်ပြင်းသွားပုံရသည်...။
လက်မှာလည်းပတ်တီးကြီးနှင့်...။"အား*ကျွတ်*ကျွတ်*"
ခနနေမှ
သတိရမိတာဟာသခင်လေး...။
သခင်လေးရော...။
သခင်လေးအဆင်ရောပြေရဲ့လား...။သူလည်းချက်ချင်းကုတင်ေပါ်ကဆင်းပြီးသခင်လေးကိုရှာဖို့
အခန်းတံခါးကိုဖွင့်ရုံရှိသေး
အခန်းထဲဝင်လာသည့်အိမ်အကူမလေးတစ်ယောက်ကြောင့်
သူ့မှာဝင်တိုက်မိမှာဆိုးတာကြောင့်ကိုယ်ရှိန်ကို
သတ်လိုက်ရသည်...။"အို...ဆောရီး..."
ထိုသို့ပြောလိုက်တော့ထိုအိမ်အကူမလေးကပြံုးရင်း
ခေါင်းငြိမ့်ပြလာသည်...။
သူလည်းထိုအိမ်အကူမလေးအား..."ဟို..သခင်လေးရော..."
ထိုသို့မေးလိုက်တော့ထိုအိမ်အကူမလေးကသူ့ကိုကြည့်ကာ...
"သခင်လေးမနေ့ကအဆူခံရတယ်အဲ့ဒါနဲ့
ကင်မ့်ကိုလာကြည့်ပြီးတော့
သခင်လေးဘယ်သွားလည်းကျွန်မလည်းမသိဘူး...""အဆူခံရတယ်..?"
"ဟုတ်..မနေ့ကသခင်မကြီးဆူနေတာပါသခင်လေးကြောင့်နဲ့
ကင်မ်ဒီလိုထိခိုက်မိတယ်ဆိုပြီး...""အာ..မဟုတ်တာပဲ...သခင်လေးအခုဘယ်မှာလည်းမသိဘူးလား..."
သူ့အမေးကိုခေါင်းပဲခါပြလာသည့်ထိုအိမ်အကူမလေးကြောင့်
သူလည်းပြံုးသာပြရင်းထိုနေရာကနေ
ထွက်လာလိုက်ကာ
သခင်လေးကိုလိုက်ရှာနေမိသည်...။သူလျှောက်ကြည့်နေရင်းခနကြာတော့ဥယျာဉ်ထဲမှာ
စာအုပ်ထိုင်ဖတ်နေသည့်သခင်မကြီးကိုတွေ့လိုက်ရသည်...။
သူလည်းမမြင်ချင်ယောင်ဆောင်ပြီးလှည့်ထွက်မလို့
လုပ်ပေမဲ့လည်း
သခင်မကြီးကသူ့ကိုတေွ့သွားကာခေါ်တော့သည်...။"ကင်မ်..ဒီကိုလာပါအုံး..."
သခင်မကြီးကခေါ်လာသည်မို့သူလည်းမတတ်သာပဲ
သွားလိုက်ရတော့သည်...။"ဟုတ်..သခင်မကြီးဘာများဖြစ်လို့ပါလဲ..."
"အေးကွယ်..ဘာမှတော့မဟုတ်ပါဘူး...မင်းသက်သာရဲ့လားလို့..."