<၇>

82 16 12
                                    

ပွဲတစ်ခုလုံးနှင်းဆီရနံ့တို့နှင့်ထံုကာသင်းနေရသည်...။
အိမ်တော်ရဲ့သခင်လေးစိတ်တိုင်းကျ
ပွဲတစ်ပွဲလုံးကိုနှင်းဆီတွေနှင့်သာအလှဆင်ထားရသည်...။
ခပ်ကြီးကြီးရွှေရောင်မီးဆိုင်းတွေအောက်မှာ
တလက်လက်ထနေသည့်လက်ဝတ်တန်ဆာတွေနှင့်အတူ
မျိုးရိုးမြင့်ကလူတွေချည်းသာရှိနေသည်...။
အားလုံးကပွဲထဲမှာဟိုနေရာရပ်၊ဒီနေရာရပ်နှင့်
စကားပြောနေကြသည်...။
ပွဲတစ်ခုလုံးရဲ့အပြင်အဆင်ဟာခမ်းနားသည်ထက်ကို
ပိုနေရသည်...။

ထိုသို့ဖြစ်နေရခြင်းမှာ
ထိုနေ့ဟာမင်အိမ်တော်ရဲ့သခင်လေး ၁၈နှစ်ပြည့်
မွေးနေ့ဖြစ်တာကြောင့်ဒီပွဲဟာလည်းသူ့မွေးနေ့ပွဲပဲပင်...။
မွေးနေ့ပွဲတစ်ခုကိုတောင်ခမ်းခမ်းနားနားလုပ်နိုင်သည်ကို
ကြည့်ရုံနှင့်မင်အိမ်တော်ရဲ့ဩဇာကြွယ်ဝမှုကို
မှန်းကြည့်နိုင်သည်...။

အိမ်တော်ကအိမ်ဖော်တွေကလည်းဟိုပြေးဒီပြေးနှင့်
အလုပ်ရှုပ်နေကြရသည်...။
ပွဲကိုလာတဲ့ဧည့်သည်တွေတစ်ခုတစ်လေလေးတောင်
စိတ်မကွက်မိစေဖို့သူတို့အကောင်းဆုံးကြိုးစားနေရသည်...။
သူလည်းသူလူပ်ရမှာတွေကိုလုပ်ပေးပြီး
ပွဲရဲ့တစ်ခုသောထောင့်လေးမှာဝင်ထိုင်ပြီးအမောဖြေနေလိုက်သည်...။

ဒီနေ့ပွဲရဲ့အဓိကဇာတ်ဆောင်ဖြစ်တဲ့သခင်လေးကတော့
ခုထိမပေါ်လာသေး...။
သူလည်းအိမ်တော်အပေါ်ထပ်ကအထပ်‌ေပါင်းများစွာနှင့်
လှေကားဖြူကြီးကိုသာမော့မော့ကြည့်မိနေသည်...။

ခနနေတော့..ပွဲတစ်ခုလုံးခုနကထက်ပိုပြီးအုတ်အုတ်ကျက်ကျက်
ဖြစ်သွားရသည်...။
အကြောင်းမှာ..ဒီနေ့ပွဲရဲ့အဓိကဇာတ်ဆောင်ဖြစ်တဲ့
မင်အိမ်တော်ကသခင်လေးမင်ယွန်းဂီကို
မြင်လိုက်ကြရတာကြောင့်ပင်...။

သူလည်းလှေကားပေါ်ကနေတဖြည်းဖြည်းဆင်းလာတဲ့
သခင်လေးကို
မျက်တောင်မခတ်တမ်းငေးကြည့်နေမိသည်...။
ဂုတ်ထောက်နေတဲ့ဆံပင်နက်လေးတွေကိုဆီနဲ့လိမ်းကာ
သေချာသိမ်းထားပြီးနို့နစ်ရောင်ဝတ်စုံလေးနဲ့မို့
အသားကလည်းနဂိုတည်းကဖြူတာကြောင့်
မသိရင်..မိုးပေါ်ကနတ်သားလေး
နတ်သက်ကြွေလာသလားလိုပင်...။

သခင်လေး(သို့မဟုတ်)ကိုကိုΌπου ζουν οι ιστορίες. Ανακάλυψε τώρα