<၆>

83 19 14
                                    

ကင်မ်တစ်ယောက် ၁ပတ်လုံးလုံးပျင်းခြောက်ခြောက်
ဖြစ်နေရသည်...။
အကြောင်းမှာ..ကိုကိုကသူ့ကိုအဲ့နေ့ကကိစ္စကြောင့်စိတ်ဆိုးသွားပြီး
လုံးဝချော့လို့မရတဲ့အပြင် ၁ပတ်တောင်
တွေ့ခွင့်ပိတ်သွားသည်မို့ပင်...။
အိမ်တော်ကိုသွားချောင်းတော့လည်းအရိပ်အယောင်လေးတောင်
မမြင်ရ...။
ကိုကိုကသူ့ကိုလုံးလုံးကြီးရှောင်နေတာပင်...။

သူကိုကိုနဲ့မတွေ့ရတာဒီနေ့့နဲ့ဆို ၉ရက်တောင်ရှိနေပြီမို့
သူ့မှာရူးတော့မလို...။
တွေ့ရနေကျမျက်နှာလေးကို ၉ရက်လောက်မမြင်ရတော့
သူ့ရင်ထဲဟာတာတာနှင့်ပင်ဖြစ်နေရသည်...။

ဒါ့ကြောင့်..သူလည်းသူထိုင်နေကျတောင်ကုန်းလေးပေါ်က
သစ်ပင်အောက်ကိုပဲလာထိုင်နေလိုက်သည်...။
စာအုပ်တစ်အုပ်ကိုတော့လက်ကနေဆွဲလာလိုက်သည်...။
စာအုပ်ကိုဖတ်ဖြစ်မဖတ်ဖြစ်တော့မသိသေးပေမဲ့လည်း
သူယူလာထားလိုက်သည်...။

သူစာအုပ်ကိုဖွင့်ပြီးဖတ်လိုက်တော့လည်း
စာအုပ်မှာထပ်ပြီးအာရုံကမရောက်နေသည်မို့
စာအုပ်ကိုအသာပြန်ပိတ်ကာ
သက်ပြင်းတို့ကိုချလိုက်သည်...။

"ဟင်းးးကိုကိုရယ်..လွမ်းလိုက်တာ..."
"ထပ်သွားကြည့်ရင်ကောင်းမလား..."

သူလည်းချက်ချင်းထလိုက်ကာအိမ်တော်ဘက်ကိုသွားပြီး
ကိုကိုကို့ထပ်သွားချောင်းဖို့လုပ်လိုက်သည်...။

~~~

သူအိမ်တော်ဘက်ကိုရောက်တော့
အိမ်တော်ထဲကိုကြည့်လိုက်အပေါ်ဝရန်တာတွေဘက်ကိုကြည့်လိုက်နှင့်အလုပ်ရှုပ်နေရသည်...။
ပြီးတော့မှ..အိမ်တော်ထဲကနေထွက်လာသည့်ကိုကို့ကို
မြင်လိုက်ရသည်...။
၉ရက်လောက်မတွေ့ရတဲ့ကိုကို့ရဲ့မျက်နှာလေးကိုမြင်လိုက်ရတော့
သူ့ရင်ထဲပန်းတွေပွင့်သွားသလိုပင်...။
အင်း..အေးချမ်းလိုက်တာပါပေ...။

ကိုကိုဟာတစ်နေရာကိုသွားဖို့တူသည်...။
အိမ်တော်ရှေ့မှာကားနက်တစ်စီးကိုရပ်ထားတာကြောင့်ပင်...။
သူဆက်ကြည့်နေမိတော့ကိုကိုဟာကားထဲဝင်ခါနီးသူ့ဘက်ကို
ကြည့်လာသည်...။
သူလည်းလက်ပြကာပြုံးပြလိုက်တော့ကိုကိုဟာ
ခေါင်းအသာငြိမ့်ပြပြီးခပ်ရေးရေးလေးပြုံးပြလာသည်...။
ကိုကိုတစ်ခုခုဖြစ်နေသလိုပဲ...။
သူ့စိတ်ထဲလေးလံသွားရသည်...။

သခင်လေး(သို့မဟုတ်)ကိုကိုWhere stories live. Discover now