<၅>

85 14 17
                                    

ဒီလိုနှင့်သူတို့တွဲဖြစ်ခဲ့ကြသည်...။
သူတို့ရဲ့ဆက်ဆံရေးကိုဘယ်သူ့ကိုမှအသိမပေးပဲ
နှစ်ယောက်တည်းသာသိပြီးလျှိုဝှက်ထားဖို့
သဘောတူခဲ့ကြသည်...။
အချိန်တစ်ခုရောက်တော့မှကိုကိုကသခင်မကြီးတို့ကို
ဖွင့်ပြောမယ်လို့သူကိုပြောသည်...။
သို့သော်..သူကတော့ဘာကြောင့်မှန်းမသိကြောက်နေမိသည်...။
သခင်မကြီးနဲ့သခင်ကြီးတို့ကသူတို့ကိုသဘောတူမှာမဟုတ်မှန်း
သူ့စိတ်ထဲကြိုပြီးသိနေတာကြောင့်ပင်...။

သူကိုကို့ဆီကအချစ်ကိုရခဲ့လို့ပျော်ပေမဲ့လည်း
အခုလို့တွေးမိရင်တော့မပျော်နိုင်‌၊ပြုံးတောင်မပြုံးနိုင်တော့...။
အခုလည်း..ထုံးစံအတိုင်းသူထိုင်နေကျသစ်ပင်အောက်မှာ
လာထိုင်ပြီးစာအုပ်ဖတ်ဖြစ်သည်...။
သို့သော်..ခုတော့သူတစ်ယောက်တည်း‌မဟုတ်တော့...။
ကိုကိုကသူ့ပေါင်ပေါ်မှာလှဲနေကာ
သူ့ကိုစကားတွေပြောနေသည်...။
သူတို့ဟိုဟိုဒီဒီစကားတွေပြောနေရင်း
သူသိပ်သိချင်နေသည့်မေးခွန်းတစ်ခုကိုကိုကို့အား
မေးဖို့လုပ်လိုက်သည်...။

"ကိုကို..."

"ဗျာ..."

ကိုကို့ရဲ့ပြန်ထူးသံလေးကြောင့်သူဘာရယ်မဟုတ်
ပြုံးမိလိုက်သည်...။

"ဟို..ကျွန်တော်သိချင်တာလေးရှိလို့..."

"ကိုယ့်ကင်မ်ကဘာသိချင်လို့လဲ..."

"ဟို..ကျွန်တော်တို့အကြောင်းကိုသခင်ကြီးနဲ့သခင်မကြီးတို့
သိသွားရင်ဘယ်လိုလုပ်မလဲလို့ပါ..."

သူမေးလိုက်တော့ကိုကိုဟာပြုံးသည်...။
ပြီးတော့..သူ့နဖူးပေါ်ဝဲနေတဲ့ဆံပင်စလေးတွေကိုသပ်တင်ရင်း
ပြုံးရင်းနှင့်ဆိုလာသည်...။

"သိသွားတော့လည်းဘာဖြစ်သလဲကင်မ်ရဲ့..ကိုယ်တို့
ဘာမှကြောက်စရာမှမရှိဘဲ..အကယ်၍သိသွားခဲ့လို့
ကိုယ်တို့ကိုသဘောမတူပဲခွဲမယ်ဆိုရင်တောင်..ကိုယ်က
အခွဲခံမယ်ထင်နေလား..လုံးဝဘဲနော်..ကိုယ်က
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်
ကင်မ်ကိုလုံးဝလက်မလွှတ်နိုင်ဘူး..အဆုံးထိဆွဲထားမှာ..."

ကိုကို့ရဲ့အဖြေကြောင့်သူမျက်ရည်တောက်ဝဲမိတော့မလို...။
မိဘ‌မရှိတဲ့သူ့လိုလူအတွက်ကိုကိုကသာသူ့ကိုမေတ္တာတွေ
ပေးနိုင်သည့်တစ်ဦးတည်းသောလူသား...။

သခင်လေး(သို့မဟုတ်)ကိုကိုWhere stories live. Discover now