အဲ့အဖြစ်အပျက်ဖြစ်ပြီးလို့ ၂ပတ်လောက်ကြာသွားခဲ့ပြီ...။
အဲ့အဖြစ်အပျက်ဖြစ်ပြီးတဲ့နောက်ပိုင်း
ထိုမိန်းကလေးကကိုကို့အနားမှာပဲနေနေသည်ကြောင့်
ကိုကိုနဲ့သူတွေ့ဖို့အချိန်တွေတောင်မရဖြစ်ခဲ့ရသည်...။
ကိုကိုဟာသူ့ကိုတော့အားနာနေပုံပေါ်သည်...။
မြို့ထဲကနေသူတစ်ယောက်တည်းပြန်လာရတုန်းကလည်း
ချက်ချင်းလာပြီးတောင်းပန်ခဲ့သည်...။
သူကလည်းဘာမှမဖြစ်တာမို့စိတ်ထဲမှာလည်းသိပ်မထားခဲ့...။အခုတော့..အိမ်တော်ထိန်းကခေါ်ထားသည်မို့
သူအိမ်တော်ထဲကိုဝင်လာခဲ့သည်...။
အိမ်တော်ထဲမှာဟိုကြည့်ဒီကြည့်လိုက်ကြည့်သော်လည်း
သခင်လေးနှင့်တူသည့်အရိပ်အယောင်ကိုတောင်မတွေ့...။
သခင်မကြီးတို့ကတော့မနေ့တည်းကအလုပ်ကိစ္စကြောင့်
ခရီးထွက်သွားကြသည်မို့အိမ်တော်ထဲမှာတိတ်ဆိတ်လို့နေသည်...။သူလည်းအိမ်တော်ထိန်းခိုင်းထားတာတွေလုပ်နေတုန်း
အိမ်ပေါ်ထပ်ကနေဆင်းလာသည့်မိန်းကလေးကိုတွေ့လိုက်ရသည်...။
မိန်းကလေးကသူ့ကုိတချက်ကြည့်ကာမဲ့ပြုံးပြုံးရင်းဆင်းလာသည်...။"မနက်စောစောမို့ဘယ်သူများလည်းလို့..ကင်မ်ပဲ..."
"ဟုတ်ကဲ့ပါ..သခင်မလေး..."
သူခေါင်းကိုငုံ့ရင်းအဖြေပြန်ပေးလိုက်တော့
ထိုမိန်းကလေးဟာခုနကလိုအပြုံးမျိုးကိုပဲထပ်ပြုံးလာပြန်သည်...။
သူ့ရှေ့ကမိန်းကလေးဟာအထက်တန်းလွှာကပေမို့
အဝတ်အစားနဲ့ပြင်ဆင်မှုကအစမျက်နှာထားကအဆုံး
သေသပ်ေလသည်...။
သို့သော်လည်း..သူ့ကိုဆိုရင်တော့
အမြဲသဘောမကျသည့်ပုံပြတတ်သည်...။"ဒါနဲ့..အစ်ကိုနဲ့နင်စကားတွေဘာတွေပြောဖြစ်သေးလား..."
"သခင်လေးနဲ့စကားမပြောဖြစ်တာ ၂ပတ်လောက်ရှိနေပါပြီ
သခင်မလေး..."ထိုအခါကျ..ပြုံးလိုက်ပုံဟာတကယ့်ကိုကျေကျေနပ်နပ်နှင့်ပင်...။
"ဟုတ်ပါပြီ..နောက်ပိုင်းကျလည်းပိုလို့တောင်ပြောဖြစ်မှာ
မဟုတ်တော့ပါဘူး..."သူ့စိတ်ထဲ"ဘာကြောင့်လဲ"ဆိုပြီးမေးလိုက်ချင်ပေမဲ့
သူ့လိုလူတစ်ယောက်ကသခင်မတစ်ေယာက်ရဲ့
ကိုယ်ရေးကိုယ်တာကိုစပ်စုရမည့်အထိအဆင့်မရှိပေ...။