ညစာစားချိန်မင်အိမ်တော်၌...
ထမင်းစားခန်းတစ်ခုလုံးအပ်ကျသံပင်ကြားရလောက်သည်အထိ
တိတ်ဆိတ်နေသည်...။
ဇွန်းသံ၊ခရင်းသံမှလွဲ၍အသက်ရှူသံတောင်မကြားရသည်အထိ
တိတ်ဆိတ်လို့နေသည်...။
သခင်ကြီးနဲ့သခင်မကြီးတို့မှာလည်းစားစရာရှိတာကိုသာငုံ့စားေနပြီး
စကားတစ်လုံးမှထွက်မလာသည့်သူတို့သားဖြစ်သူကြောင့်
သူတို့မှာလည်းစကားမပြောကြ...။ထိုအချိန်..တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည့်စကားသံတစ်ခုက
ထွက်ပေါ်လာသည်...။"အန်တီရို့စ်နဲ့အန်ကယ်မင်..သမီးတို့စေ့စပ်ပွဲကို
ဘယ်တော့လောက်လုပ်မလဲဟင်..."အမ်မလီဖရော့စ်ရဲ့စကားကြောင့်ယွန်းဂီရဲ့မျက်ခုံးတို့
အလိုလိုတွန့်ချုံ့သွားရကာအမ်မလီကိုကြည့်လိုက်သည်...။
အမ်မလီကသူ့ဘေးမှာထိုင်ကာအမေတို့ကိုပြုံးရင်း
ကြည့်ကာပြောလာသည်...။ထိုမိန်းကလေးရဲ့အမေးကိုအမေကသူ့ကိုကြည့်ရင်းမှ
ပြောလာသည်...။"သမီးတို့သဘောပါပဲ..."
"သမီးတို့သဘောအတိုင်းဆိုနောက်အပတ်ထဲဆိုရင်ရောအန်တီ..."
"မဖြစ်ပါဘူး..."
တစ်ချိန်လုံးအသံတိတ်နေခဲ့သူဟာထိုအချိန်မှသာ
စကားပြောလာသည်မို့သခင်မကြီးတို့လည်းယွန်းဂီကို
ကြည့်လိုက်သည်...။
သူ့အပြောကိုအမ်မလီကသဘောမတွေ့ပုံရသည်...။"အစ်ကိုကလည်း..ဘာဖြစ်လို့လဲ!..."
အမ်မလီကသူ့ကိုကြည့်ရင်းမေးနေသော်လည်း
သူကတော့အမေတို့ကိုသာကြည့်ရင်းပြောစရာရှိတာကို
ပြောလိုက်သည်...။"နောက်အပတ်ထဲကျရင်..ဟော်လန်ဘက်ကိုသွားပြီး
လုပ်ငန်းကိစ္စသွားစရာရှိပါတယ်...""ဟုတ်သားပဲ..သားယွန်းဂီကအလုပ်ကိစ္စသွားစရာရှိတာပဲ..."
သူ့စကားကိုအဖေကထောက်ခံသလိုပြောလာသည်...။
"အဲ့တာကြောင့်မလို့..စေ့စပ်ပွဲကနောက်အပတ်ထဲလုပ်ဖို့
လုံးဝအဆင်မပြေပါဘူး..ပြီးတော့..သားတို့က
အခုထိတစ်ယောက်အကြောင်းလည်းတစ်ယောက်
ကောင်းကောင်းမသိကြသေးပါဘူး..နောက်တစ်ခုက
သားတို့ရဲ့ဆက်ဆံရေးကချစ်သူရည်းစားအဆင့်လည်း
မဟုတ်တော့..စေ့စပ်ပွဲကိုတန်းလုပ်ဖို့က
အရမ်းမြန်တယ်လို့ထင်ပါတယ်..သားကတော့စေ့စပ်ပွဲကိုအခုချက်ချင်းကြီးမလုပ်ချင်သေးပါဘူး
အချိန်ယူချင်ပါသေးတယ်..."