✿...
"ဟဟ..နောက်ဆုံးတော့ငါမြို့ထဲလိုက်လာနိုင်ပြီကွ..."
ကင်မ်သူ့ဘေးကနေကလေးလိုအော်နေသည့်
သခင်လေးကိုကြည့်ရင်းပြုံးသာပြုံးမိသည်...။
သူအမှီလိုက်နိုင်အောင်လို့အရှိန်လျော့ပြီးပြေးပေးလို့မိတာကို
သူ့ဘာသာအပြေးမြန်လို့ဖမ်းမိတာဆိုပြီးဂုဏ်ဆာနေလေရဲ့...။
သခင်လေးကသခင််မကြီးပြောသလိုလုံးဝကလေးဆန်နေတာပဲ...။"ကျွန်တော်အရှိန်လျော့ပြီးပြေးပေးလို့ပါနော်..."
"ဘာ..မဟုတ်ပါဘူး..ငါ့ဘာသာငါဖမ်းမိတာကို..."
"ဟုတ်ပါပြီဗျာ..ဟုတ်ပါပြီ..."
သူတို့စက်ဘီးမစီးတော့လမ်းလျှောက်လာရင်းစကားတွေ
ပြောနေဖြစ်ကြသည်...။"ဒါနဲ့..ကင်မ့်လက်ကသက်သာရဲ့လား..."
"သက်သာနေပါပြီ..နောက်တစ်ပတ်လောက်ဆိုပတ်တီးဖြေလို့
ရပြီထင်တယ်...""အင်းပါ..သက်သာရင်ပြီးတာပါပဲ
ငါကအခုထိအဲ့ကိစ္စအတွက်အားနာနေတာ...""မလိုပါဘူးဗျာ..သခင်လေးဘာမှမဖြစ်သွားတာပဲ
တော်ပါသေးတယ်...""ငါ့မှာကင်မ်ရှိနေတာပဲ..ငါဘာမှဖြစ်မှာမဟုတ်ဘူး..."
သခင်လေးရဲ့အပြောကြောင့်သူရှက်ပြုံးလေးသာပြုံးမိသည်...။
သခင်လေးကအပြောတွေနဲ့သိပ်ခြွေတတ်တာ...။သူတို့အိမ်တော်ကနေစက်ဘီးနှင့်သာထွက်လာကြတာမို့
သူ့ရဲလက်ကဒဏ်ရာကြောင့်
သခင်လေးကစက်ဘီးကိုနှင်းကာ
သူကတော့သခင်လေးနောက်ကနေစီးလာတာကြောင့်
သခင်လေးရဲ့ခါးကိုဖက်၍ထားရသည်...။
ထိုအချိန်ဟာသူ့အတွက်တော့ကြည်နူးရဆုံး
အခိုက်အတန့်ေလးပင်...။အဲ့အခိုက်အတန့်လေးကိုပြန်တွေးမိလေတိုင်းသူ့မှာ
မျက်နှာရဲကာအရှက်သည်းရပြန်သည်...။
စက်ဘီးစီးနေသည့်တလျှောက်လုံးသူ့မှာ
မျက်နှာတွေရဲနေခဲ့ရသည်...။အခုလည်းအတွေးတို့ဟာမျက်နှာပေါ်ထိကျူးကျော်လာပြီး
ပြုံးစိစိနှင့်ဖြစ်မိလေတော့သခင်လေးက
အရင်တခေါက်ကလိုမျက်လုံးတွေနှင့်ကြည့်လာပြန်သည်...။