Pt.1

1.6K 178 94
                                    

"Daytona Bike Week"

US. Florida ပြည်နယ် က Daytona Beachဆိုတဲ့ ကမ်းခြေမြို့လေးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေတဲ့ ပွဲတော်ကြီး...

ပွဲကျင်းပနေတဲ့ ၁၀ရက်လောက်အချိန်လေးမှာ နာမည်ကြီးအဆိုတော်တွေပါ လာပီး သီချင်းတွေ ဆိုကြတယ်၊ Club တွေပိုစည်တယ်၊ တခြား ပျော်စရာအစီအစဥ်တွေအများကြီးရှိတယ်...

ကမ်းခြေမြို့လေးမို့ ဟိုဟိုဒီဒီ စိတ်လှုပ်ရှားဖွယ်ရာအတိ...

လူပေါင်း ၄သိန်းခွဲ ၅သိန်းလောက် တစုတဝေး ပျော်စရာတွေ လာဖန်တီးနေကြတဲ့ အဓိကအကြောင်းရင်းကတော့ ဒီပွဲကျင်းပဖို့အတွက် မပါမဖြစ် ဆိုင်ကယ်မောင်းပြိုင်ပွဲ ပါနေလို့ပေါ့...

ခုဆိုရင် ကမ္ဘာအနှံ့ကRider တွေ စုံနေကြပီ...

ပွဲကျင်းပတဲ့နေ့ကတည်းက တစ်သုတ်ပီးတစ်သုတ် ပြိုင်နေကြတဲ့အထဲမှာ အပျော်တမ်း Rider တွေပါသလို Pro Rider တွေလဲပါတယ်၊ ကြေးစားတွေလဲ ပါတယ်...

ဒါပေမဲ့ အကုန်လုံးက ဆိုင်ကယ်ပေါ်တက်ပီး ပြေးလမ်းပေါ်ရောက်တာနဲ့ ရည်ရွယ်ချက်ကအတူတူပဲ...

နိုင်ဖို့...

ခုလဲ ဆန်ခါတင်တွေချည်း ရွေးပြိုင်နေတဲ့ပွဲမှာ ရှေ့ဆုံးကနေ ၀င်လာတဲ့ အနက်ရောင် IconSheene တစ်စီး...

သတ်မှတ်ထားတဲ့ အနိုင်ရစည်းကို အရှိန်ပြင်းပြင်းဖြင့် ဖြတ်၀င်လာလိုက်တာနဲ့ ဟေးခနဲ အော်လိုက်ကြတဲ့ သူ့ကိုအားပေးသူတွေ...

တိတိကျကျဆိုရင် သူနဲ့နိုင်ငံတူ၊ လူမျိုးတူအဖွဲ့က...

လူချင်းမရင်းနှီးပေမဲ့ ကိုရီးယားလူမျိုးက ဆန်ခါတင်အဖွဲ့ထဲမှာ ပါတယ်ဆိုလို့ အားပေးဖို့ ရှေ့ဆုံးကရောက်နေကြတာ...

သူ ဆိုင်ကယ်ဒေါက်ထောက်လိုက်ပီး အနောက်ကနေ ပန်း၀င်လာမဲ့သူတွေကို တချက်လှည့်ကြည့်တော့ အတော်လိုသေးသည်...

ဆိုင်ကယ်ဦးထုပ်ကို ချွတ်လိုက်ပီး ချွေးစက်တချို့ကို ခါလိုက်ရာ နေရောင်အောက်မှာ အနည်းငယ်စိုလဲ့နေတဲ့ ဆံပင်‌ခပ်ရှည်ရှည်လိမ်လိမ်တွေ...

သားရေလက်အိတ်အနက်ရောင်ကို ချွတ်ပီး ဆံပင်ကို သပ်တင်လိုက်တော့ ထင်းနေတဲ့ နဖူးပြင်ကျယ်ကျယ်အောက်မှာ စူးရှရှမျက်လုံးတစ်စုံ၊ မျက်အိမ်နက်နက် ခပ်ရှည်ရှည်ဟာ ထူထဲနေတဲ့မျက်ခုံးနှင့် လိုက်ဖက်ညီစွာ...

𝐊ɪᴍWhere stories live. Discover now