Pt.12

409 82 21
                                    

ဆော့ဂျင်က ဟိုလူတွေဆီငွေလွဲဖို့အတွက်နဲ့ သူ့ကိုမွေးနေ့လက်ဆောင်ပေးထားတဲ့ အိမ်လေးကိုတောင် ရောင်းမယ်တဲ့လား...

တကယ်ပဲ ဆော့ဂျင်ဟာ သူများဆီက ချူစားခဲ့သူလား...

သူမယုံချင်ဘူး... ဒါပေမဲ့လည်း ဆော့ဂျင်ကို သူမမေးရဲဘူး၊ မေးလိုက်လို့ ဒါတွေကအမှန်ပဲဆိုရင် သူဘယ်လိုလုပ်ရမလဲ... ဆော့ဂျင်က သူ့ကိုတော့တကယ်ချစ်တာပါလို့ သူမျက်စိစုံမှိတ်ပြီး ယုံကြည်ချင်သည်လေ....

ဆိုင်ထဲပြန်၀င်လာသည့် ဆော့ဂျင်သည် ပြဿနာတစ်ခုကို ဖြေရှင်းနိုင်တော့မှာမို့ စိတ်ပေါ့ပါးနေပုံ...

"များများထည့်စား ထယ်... ပြီးရင် ငါတို့ဘာထပ်သွားစားကြဦးမလဲ"

"မင်းကိုယ့်ကိုမပြောပဲ ဖုံးကွယ်ထားတာရှိလား ဂျင်"

မမေးဘူးဆိုပေမဲ့ တင်းထားသည့်စိတ်နှင့်ဆန့်ကျင်စွာ ထယ်ယောင်း၏နှုတ်ကတော့ မေးထွက်သွားပြီ..

"ဟင်"

"ကိုယ့်ကို တခုခုပြောစရာ မရှိဘူးလား"

"မ.. မရှိပါဘူး"

အနေရခက်သလို နှုတ်ခမ်းလေးအနည်းငယ်လှုပ်ခတ်သွားပေမဲ့ နောက်ဆုံးအချိန်ထိ ဆော့ဂျင်က အမှန်အတိုင်းမပြောခဲ့....

"ဟက်"

ခံရခက်စွာထွက်ကျလာသည်က ထယ်ယောင်းဆီမှ ရယ်သံတစ်ချက်သာ...

သံသယဆိုသောဆူးက တစ်ချောင်းတည်းပင်ဖြစ်လင့်ကစား စပြီး စိုက်၀င်ပြီဆိုတာနှင့် အဆူးဒဏ်ကို ခံရတော့မည်မလား...

ညဖက် သူ ဆော့ဂျင်၏ဖုန်းကိုယူကာ ထိုစုန်းမဆိုသည့်သူ၏နံပါတ်ဆီ သူ့ဖုန်းမှတဆင့် စာပို့လိုက်သည်...

ဖုန်း contact ကိုတော့ ဘယ်လိုမှတ်ရမှန်းမသိသည်နှင့် "စုန်းမ"ဟုသာ မှတ်လိုက်သည်...

ဟုတ်သည်လေ.. ဆော့ဂျင်အတွက်စုန်းမဆိုရင် သူ့အတွက်လည်း စုန်းမပဲ...

💬 ဆော့ဂျင်ဆီက‌တောင်းထားတဲ့ ငွေပမာဏနဲ့ လွဲရမဲ့ဘဏ်အကောင့်ကိုပြော၊ ပြီးရင် ဆော့ဂျင်ဘ၀ထဲက‌နေ တခါတည်း အပြီးထွက်သွားပေးမယ်လို့ ကတိပေး

𝐊ɪᴍWhere stories live. Discover now